Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်နှင့် ရသေ့တောင်မြို့တို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများကို စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်

ABN-ရှိုင်းမိုး

ကျောက်တော်နှင့် ရသေ့တောင်မြို့တို့တွင် စစ်ကာင်စီမှ ဒေသခံ ခရီးသွားပြည်သူများကို စစ်ဆေးမှုများ တင်းကြပ်စွာပြုလုပ်ခဲ့ကြောင်းသိရသည်။

ယနေ့ နေလယ် ၁၂နာရီ ခန့်အချိန်တွင် မြောက်ဦးဖက်မှလာသည့် ခရီးသည်တင်ကားများကို ကျောက်တော် စကခ ( ၉ ) တပ်မမှ စစ်ဆေးမေးမြန်းမူများ တင်းကြပ်စွာ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“မနက်ပိုင်းကတော့ မစစ်ပါဘူး၊ နေ့လယ်ပိုင်း ၁၂ နာရီ ၁ နာရီလောက်ကတော့ တအားစစ်ဆေးပါတယ်၊ ကားထဲက ခရီးသည်တွေမှာ ယောကျ်ား ဘယ်နှစ်ယောက်ပါလဲ၊ အမျိုးသမီး ဘယ်နှစ်ယောက်ပါလဲ ဆိုပြီးမေးပါတယ်၊ မှတ်ပုံတင်တွေကိုလည်းစစ်ပါတယ်၊ နာမည်ကိုလည်းစာရင်းသွင်းရပါတယ်၊ ဘယ်ကိုသွားကြတာလဲမေးပါတယ်” ဟုခရီးသယ်တစ်ဦးမှပြောသည်။

အလားတူ ရသေ့တောင်မြို့တွင် စစ်ကောင်စီ ရေတပ်မှ ရွှေပြည်တန်ပေါ်ပါလာသည့်ခရီးသည် များကိုလည်း တင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

“သူတို့မှာရပ်ထားတဲ့ နေပီတွေဆီကို ခေါ်ယူပြီးစစ်ပါတယ်၊ သူတို့အင်အားကတော့ နေပီ ၂ စင်းနှင့်ပါ၊ မှတ်ပုံတင်တွေကိုအဓိကစစ်ပါတယ်၊ ရွှေပြည်တန်ထဲက အထုပ်တွေကိုလည်း စစ်ပါတယ်၊ သူတို့စစ်တာ ၁နာရီကျော်လောက်ကြာပါတယ်” ဟုခရီးသည်တစ်ဦးကပြောသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၇ နာရီခန့်ကလည်း မောင်တောမြို့ထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်ဝတ်များဝတ်ဆင်ပြီး သေနတ်များထမ်းကာ မြို့ထဲတွင်လှုပ်ရှားသွားလာမှုများရှိခဲ့ကြောင်း ဒေသခံ မျက်မြင် သက်သေတစ်ဦးမှပြောသည်။

ဓာတ်ပုံ-Myanmar Now

ကျောက်တော်နှင့် ရသေ့တောင်မြို့တို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများကို စစ်ဆေးမှုများတင်းကြပ်စွာပြုလုပ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ