Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်နယ် လင်းမြွေတောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ကို AA ဝင်တိုက်ပြီး စကစ တပ်ဖွဲဝင်အချိုသေဆုံး၊ ၃ ဦးအရှင်ဖမ်းဆီးရမိဟုသိရ

ကျောက်တော်နယ် လင်းမြွေတောင်မှ ဆင်းလာသည့် အင်အား ၁၀၀ ကျော်ပါ စစ်ကြောင်း ကို AA ဝင်တိုက်ပြီး စကစ တပ်ဖွဲဝင်အချိုသေဆုံး၊ ၃ ဦးအရှင်ဖမ်းဆီးရမိဟုသိရ

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြိုနယ်ရှိ စကစ အဖွဲအထိုင်စခန်းကြီးတစ်ခုဖြစ်သော လင်းမြွေတောင်မှ ဆင်းလာသော အင်အား ၁၀၀ ကျော်ပါစစ်ကြောင်းကို AA ဝင်တိုက်၊ စကစအဖွဲ အချိုသေဆုံးပြီး ၊၃ ဦးအရှင်ဖမ်းမိကာ ၂ ဖက်စစ်ရေးပြင်းထန်နေကြောင်း သတင်း ရရှိသည်။

ယနေ့ဇန်နဝါရီလ ၁၂ ရက်၊ နံနက် ၈ နာရီကျော်တွင် ရက္ခိုင်ပြည်သူများကို နှစ်ရှည်လများ ဒုက္ခပေးနေသော စကစ အဖွဲ လင်းမြွေတောင်စခန်းကုန်းက စစ်ကောင်စီ အင်အား ၁၀၀ ကျော်သည် အင်အားပူးပေါင်းရန် ထိပ်ဝပြင်ရွာဘက်မှ ထွက်ခွာသွားခဲ့ရာ AA က လက်ဦးမှုရယူ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတစ်ဦးက AB News သိုပြောသည်။

“လင်းမြွေတောင်က စကစတွေက အင်အားပူးပေါင်းမယ်ဆိုပြီး ထိပ်ဝပြင်ဘက် လယ်ကွင်းနားကဖြတ်ပြီးသွားတယ်၊ AA ကလည်း အကုန်လုံးလှမ်းပစ်တယ်၊ စကစတွေ အများကြီးသေသွားကြတယ်၊ အရှင်ဖမ်းရတဲ့သူတွေလည်းရှိနေတယ်” ဟု ဆိုသည်။

စစ်ကောင်စီတပ်ဖွဲဝင်များသည် ကြောက်ရွံပြီး ကျားနင်းကန် အနီးရှိလယ်ကွင်းများတွင် ကင်းပုန်းဝပ်နေသူများရှိပြီး တောထဲသို ဝင်ပြေးသွားသူများလည်း ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ  ၂ ဖက်တိုက်ပွဲ ပြင်းထန်နေလျက်ရှိကာ ရွာခံသားများလည်း ဘေးလွတ်ရာသိုတိမ်းရှောင်လျက်ရှိကြောင်း AB News က စုံစမ်းသိရှိရသည်။

ယမန်နေ့ ဇန်နဝါရီလ ၁၁ ရက် နံနက် ၆ နာရီ ၁၅ မိနစ်အချိန်တွင် အင်အား ၂၀၀ ကျော်ခန့်ပါသောသင်္ချိုင်းတောင်တန်းများမှ စကစ စစ်ကြောင်းသည် မင်းပြားဘက်သို တပ်အင်အားသွားပေါင်းစဥ် တောင်တိုက်ကြားအရောက်တွင် ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့်အတွက် ၄၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

ထိုအပြင် ပေါက်တောမြိုနယ် တောင်းဖူးရွာကို မီးရှိပြီးပြန်သွားသည့် စကစ နေဗီ ၂ စင်းလည်း ရက္ခိုင့်တပ်တော် ၏ ချေမှုန်းခြင်းခံရပြီး ၈ ဦးထက်မနည်းသေဆုံးသွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ