Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်နယ်တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သားအဖ ၂ဦး သေဆုံး၊ အခြားဒေသခံ ၆ ဦး ပြင်းထန် ဒဏ်ရာရရှိ

ရက္ခိုင်ပြည်၊ ကျောက်တော်နယ်တွင် စစ်ကောင်စီက Jet Fighterဖြင့် ၂ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သားအဖ ၂ဦး သေဆုံးခဲ့ရပြီး အခြားဒေသခံ ၆ ဦးခန့် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဗုံးကြဲတိုက်ခိုက်ခံရစဉ် သေဆုံးခဲ့သူများမှာ ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းရွာမှ ဦးနီထွန်းဦး ၇၀နှစ်နှင့် သားဖြစ်သူ ကိုမောင်ဟန် ၃၀ နှစ်တို့ ဖြစ်ကြောင်း ရွာသားများက ဆိုကြသည်။

ထို့အပြင် ရွာသား ၆ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း ဒေါ်နုနုရီ ၅၀နှစ်နှင့် မစောမေသိန်း ၃၀ နှစ်တို့မှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၆ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကောင်စီအဖွဲ့က ကျောက်တော်နယ်ရှိ အလယ်ကျွန်းကျေးရွာကို ၂ကြိမ်ခန့် ဗုံးကြဲတိုက်ခိုက်သောကြောင့် ရွာသား ၂ဦး ခဲ့ပြီး ရွာသားအချို့ ဒဏ်ရာရရှိခဲ့ကြောင်း ရွာသား ၁ဦးက AB News သို့ ပြောသည်။

“ဒီနေ့ နံနက်ပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ ၈နာရီကျော်မှာ တစ်ကြိမ်၊ ၉နာရီကျော် အချိန်မှာ တစ်ကြိမ်ပါ။ ၉နာရီကျော်အချိန် ဒုတိယအကြိမ်ဗုံးကြဲတိုက်မှုအတွင်း သားအဖ ၂ဦးနဲ့ ၆ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြပါတယ်” ဟု ဆိုသည်။

ယနေ့ စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်ခြင်းခံခဲ့ရသည့် အလယ်ကျွန်းရွာတွင် အိမ်ထောင်စု ၄၀၀ ကျော်ခန့် နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်း လူနေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း ဒေသခံများက ဆိုကြသည်။

ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့၊ နေ့လယ် ၃ နာရီခန့်အချိန်တွင် ကျောက်တော်မြို့ကို စစ်ကောင်စီအဖွဲ့က Jet Fighter ဖြင့် ပေါင် ၂၀၀ ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မြို့ခံ ၁ဦး သေဆုံးပြီး ၅ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ