Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် AAနှင့် ဆပ်စပ်ပြီး ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်တစ်ဦးကို ၁၇ကြိမ်မြောက်ရုံးထုတ်၊ တရားလိုပျက်ကွက်

ကျောက်တော်တွင် AAနှင့် ဆပ်စပ်ပြီး ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်တစ်ဦးကို ၁၇ကြိမ်မြောက်ရုံးထုတ်၊ တရားလိုပျက်ကွက်

ABN-ရှိုင်းမိုး

ဇွန် ၆ရက်

ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် AAနှင့်ဆက်စပ်သည်ဟုစွပ်စွဲပြီး ဖမ်းဆီးခံထားရသည့် စစ်ဘေးရှောင်တစ်ဦးကို ၁၈ကြိမ်မြောက်ရုံးထုတ်စစ်ဆေးသော်လည်း၊ စစ်ကောင်စီဖက်မှတရားလိုပျက်ကွက်ခဲ့သည်ဟုသိရသည်။

ဖမ်းဆီးခံထားရသောသူမှာ ကျောက်တော်မြို့ကဝိရတနာစစ်ဘေးရှောင်စခန်းမှ ဦးကျော်ဟိန်းဖြစ်သည်။

“တရားလိုမရောက်ပါဘူး၊ ဘာမှလည်းထူးခြားတာမရှိပါဘူး၊ ရုံးထုတ်လို့ရှိရင်သွားချင်စိတ်လည်းမရှိတော့ဘူး” ဟုဦးကျော်ဟိန်း၏ဇနီးဖြစ်သူ စစ်ဘေးရှောင်က ပြောသည်။

ဦးကျော်ဟိန်းတွင် သားသမီး ၄ယောက်ရှိပြီး၊ လက်ရှိတွင် ထိုသားသမီး ၄ယောက်မှာ မိခင်နှင့်အတူ ကျောက်တော်မြို့ ကဝိရတနာစစ်ဘေးရှောင်စခန်းတွင်နေထိုင်လျက်ရှိကြသည်။

“ဆိုင်ကလုန်းမုန်တိုင်းတိုက်လို့ ကျွန်မတို့အိမ်ပြိုသွားပါတယ်၊ အခုနေစရာမရှိပါဘူး၊ အိမ်အပြိုမှာတတ်နေရပါတယ်၊ ပြုပြင်ပေးမယ့်လူလည်းမရှိပါဘူး” ဟု၎င်းမှဆက်ပြောသည်။

မိုခါဆိုင်ကလုန်းမုန်းတိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်ကိုပင် ပြန်လည် ပြုပြင်မည့်သူ မရှိသည့်အတွက် သားသမီး ၄ ယောက်နှင့် နေစရာအိမ်မရှိ ဖြစ်နေရကြောင်း ဦးကျော်ဟိန်း၏ ဇနီး စစ်ဘေးရှောင်က ပြောသည်။

“ကျွန်မယောက်ျား မရှိတော့ အစစအရာရာကျွန်မတာဝန်ယူလုပ်ပေးနေရတယ်၊ အခုဆိုရင်မုန်တိုင်းကြောင့် အိမ်ပြိုကျသွားတယ်၊ ကျွန်မဘာမှမတတ်နိုင်ဘူး၊ အိမ်လုပ်မယ့်လူလည်းမရှိဘူး၊ ကျွန်မလည်းမလုပ်တတ်ပါဘူး၊ ပိုက်ဆံလည်းမရှိဘူး၊ တစ်မိုးနေရမဲ့အခြေနေတောင်မရှိပါဘူး” ဟုပြောသည်။

ကျောက်တော်မြို့နယ် တရားရုံးတွင် AAနှင့်ဆပ်ပြီးဖမ်းဆီးခံထားရသူ ၁၂ဦးရှိပြီး၊ ထို၁၂ဦးကို ပုံမှန်ရုံးထုတ်နေသော်လည်း ထူးခြားမှုတစုံတရာမရှိကြောင်းသိရသည်။

ဓာတ်ပုံ- မိုခါမုန်တိုင်းကြောင့် ပျက်စီးသွားသော တရားစွဲခံထားရသည့် စစ်ဘေးရှောင်ဦးကျော်ဟိန်း၏နေအိမ်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ