Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် အပြစ်မဲ့ ပြည်သူ တစ်ဦးအား စစ်ကောင်စီ သေနတ်ဖြင့် ပစ်သတ်

AB News-ဒီဇင်ဘာ ၁၇၊ ၂၀၂၃

ရက္ခိုင်ပြည် ကျောက်တော်မြို့တွင် ပြီးခဲ့သည့် ညက စစ်ကောင်စီက ပစ်သတ်၍ အပြစ်မဲ့ ပြည်သူ တစ်ဦး သေဆုံးသွားခဲ့ရသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်နေ အပြစ်မဲ့အရပ်သား ပြည်သူ ဦးစိန်သာ ၄၉ နှစ်ဖြစ်သည်။

၎င်းသည် ယမန်နေ့ ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၈ နာရီခန့်တွင် ကားဂိတ်ရှိ ဆိုင်ပိတ်ပြီး ဆိုင်ကယ်ဖြင့် အိမ်အပြန် ကစ္ဆပနဒီတံတားတွင် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီအဖွဲ့က လက်နက်ငယ်ဖြင့် ပစ်ခတ်၍ သေဆုံးသွားသည်ဟု ဆွေမျိုးတော်စပ်သူ ၁ ဦးက ABN သို့ပြောသည်။

“ပုံမှန်လည်း ဆိုင်ပိတ်ပြီး ဒီလမ်းက ဒီအချိန် ပြန်လာနေကျပါ။ ဆိုင်ကယ်နဲ့လာတာကို နောက်ကနေ ပစ်လိုက်တာ သေသွားပါတယ်” ဟုပြောသည်။

သေဆုံးသူ ဦးစိန်သာ၏ နောက်ကျောအောက် တင်ပါးအပေါ်တွင် လက်နက်ငယ်ကျည် ၁ ချက်ထိ ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ပြောသည်။

ကစ္ဆပနဒီတံတားအောက်တွင် စစ်ကောင်စီအဖွဲ့ အင်အား ၁၃ ယောက် ကင်းပုန်းဝပ်နေသည်ကို မြင်တွေ့ရကြောင်း ဒေသခံများ ပြောပြချက်အရ သိရသည်။

ထို့အပြင် စစ်ကောင်စီအဖွဲ့င်များမှာ အရက်မူးနေကြပြီး အနီးနားရှိ ဒေသခံ ၂ ဦးကိုလည်း ရိုက်နှက်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ