Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ဦး၏ အမိန့်ချမည့်ရုံးချိန်ကို ၁၅ ကြိမ်မြောက်ရုံးတင်သော်လည်း အမိန့်ချမှတ်ခဲ့ခြင်းမရှိ

ကျောက်တော်တွင် လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ဦး၏ အမိန့်ချမည့်ရုံးချိန်ကို ၁၅ ကြိမ်မြောက်ရုံးတင်သော်လည်း အမိန့်ချမှတ်ခဲ့ခြင်းမရှိ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၁၂ရက်

ကျောက်တော်မြို့နယ်တရားရုံးတွင် လူထုဇော်ဝင်း အပါဝင် ဒေသခံ ၃ဦးကို ယနေ့ ၁၁နာရီကျော်အချိန်က ၁၅ကြိမ်မြောက်အမိန့်ချမည့်ရုံးထုတ်ခဲ့သော်လည်း အမိန့်ချမှတ်ခဲ့ခြင်းမရှိဟုသိရှိရသည်။

ရုံးထုတ်သည့်ဒေသခံ ၃ဦးသည် AAနဲ့ဆက်စပ်ပြီးဖမ်းဆီးခံထားရသူများဖြစ်ကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုပုဒ် ၅၀၅ (က) ဖြင့် အမှုရင်ဆိုင်နေကြရသည်။

ထိုဒေသခံသူဦးမှာ ကျောက်တော်မြို့ ပြည်တော်သာ ရပ်ကွက်မှ လူထုဇော်ဝင်း၊ ပန်းဖဲချောင်းရွာမှ ကိုဇော်မိုးထက်နှင့် ခေါင်းတုတ်ရွာမှ ဦးကျော်သန်းမောင်တို့ဖြစ်ကြသည်။

ထို ၃ဦးသည် ကျောက်တော်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရပြီးနောက် အမိန့်ချမည့်ရက်ကိုသာ စောင့်ဆိုင်နေကြရသည်ဟု သိရသည်။

အပြစ်ရှိ၊ မရှိစစ်ဆေးခဲ့ပြီးနောက် အမိန့်မချဘဲရုံးချိန်ပေးနေခြင်းသည်စစ်ကောင်စီ၏ တရားစီရင်ရေးအသုံးမကျကြောင်းဖော်ပြနေတာနဲ့တူနေသည်ဟု ကျောက်တော်ဒေသခံတစ်ဦးကပြောသည်။

” ကျွန်တော်ကတော့ ဘာပြောရမှန်းမသိပါဘူး၊ သူတို့ရဲ့ မိသားစုဝင်လည်းမဟုတ်ဘူး၊ ဒါပေမယ့် မကြာမကြာ မြင်တွေ့နေရတယ်၊ အခုလည်း အမိန့်ချတာကို ရုံးချိန်းရွှေ့တယ်ဆိုတော့ စစ်ကောင်စီရဲ့ ဥပဒေအရာရှိတွေက ဘယ်လို့လဲ အမိန့်မချတတ်တာလား၊ ဒါမှမဟုတ် သူတို့တရားစီရင်ရေးက အသုံးမကျဖြစ်နေတာလား၊ မသဲကွဲတော့ဘူး” ဟုဆိုသည်။

လူထုဇော်ဝင်းအပါအဝင် ဒေသခံ ၃ဦးသည် ကျောက်တော်မြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်ခဲ့ရစဥ်ကလည်း စစ်ကောင်စီဖက်က တရားလိုရောက်မလာ၍ ရုံးချိန်းအကြိမ်ကြိမ်ရွှေ့ဆိုင်ခံခဲ့ရသူများဖြစ်သည်။

ထို ၃ဦးသည် အမှုရင်ဆိုင်ပြီးသည့်အတွက် အမိန့်ချစရာရှိရင် အမြန်ဆုံးချမှတ်စေချင်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

“တခြားဘာမှ မတောင်းတတော့ဘူး၊ သူတို့ကိုအမိန့်ချစေချင်တာတစ်ခုပဲရှိပါတယ်၊ အမှုရင်ဆိုင်တုန်းကလည်း တရားလိုမရောက်လို့ အကြိမ်ကြိမ်အရွှေ့ခံခဲ့ရပါတယ်၊ အခုအမိန့်ချတာကိုလည်း အကြိမ်ကြိမ်ရွှေ့ဆိုင်းနေရတယ်၊ သူတို့ကို လွှတ်ပေးမယ်ဆိုရင်လည်းအမြန်ဆုံး လွှ​တ်စေချင်ပါတယ်၊ အမိန့်ချမယ်ဆိုရင်လည်း ချစေချင်ပါတယ်” ဟုပြောသည်။

ယနေ့ရုံးချိန်းတွင် လူထုဇော်ဝင်းကို စက်တင်ဘာလ ၂၆ရင်နေ့သို့ ရုံးချိန်းထပ်ရွှေ့လိုက်ပြီး ကိုဇော်မိုးထက်နှင့် ဦးကျော်သန်းမောင်တို့ကို စက်တင်ဘာလ ၁၅ရက်သို့ ရွှေ့ဆိုင်းလိုက်ကြောင်းသိရသည်။

ထို ဒေသခံ ၃ဦးသည် ရက္ခိုင့်တပ်တော်နဲ့စစ်ကောင်စီတပ်တို့ ၂၀၂၂ ခုနှစ် တကျော့ပြန်တိုက်ပွဲကာလအတွင်းတွင် ဖမ်းဆီးခံခဲ့ရသူများဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ