Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် စစ်ဘေးရှောင် ၃ဦး Wi-Fi တိုင်ထောင်ရာတွင် ဓာတ်လိုက်၍ ဒဏ်ရာရရှိ

ABN-ရှိုင်းမိုး

ရခိုင်ပြည်၊ ကျောက်တော်မြို့တွင် Wi-Fi အငှားထောင်သူ စစ်ဘေးရှောင် ၃ဦး ဓာတ်လိုက်၍ ထိခိုက်ဒဏ်ရာရရှိသွားသဖြင့် ဆေးရုံတင်ရသည်ဟုသိရသည်။

ထို ၃ဦးသည် ယနေ့ ၃နာရီ ၅၀ခန့်အချိန်တွင် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက် ပိတောက်လမ်းတွင် Mytel ( Wi-Fi) တိုင် အငှားထောင်ရန်လာကြသည်ဟုသိရသည်။

” သူတို့ Wi-Fi တိုင်လာလုပ်ကြတဲ့အချိန်ကဆိုရင်မိုးလည်းရွာပါတယ်၊ ပြီးတော့ EPC မီးလည်းရောက်နေချိန်၊ မီးဖြတ်ပေးပါလို့လည်းပြောထားတာမရှိကြဘူးထင်ပါတယ်” ဟုဒေသခံတစ်ဦးကပြောသည်။

ထိခိုက်ဒဏ်ရာရရှိသွားသူများမှာ ပလက်ဝမြို့နယ် ကြက်ရက်ကိုင်းရွာမှ အသက် ၁၈ နှစ်အရွယ် မောင်အောင်သိန်းထွန်း၊ ကျောက်တော်မြို့နယ် မီးဝရွာမှ (လက်ရှိ) ကဝိရတနာ စစ်ဘေးရှောင်စခန်းမှ အသက် ၁၈ နှစ်အရွယ် မောင်ကျော်ဆန်း၊ ပလက်ဝမြို့နယ် ရီချမ်းဝရွာမှ ( လက်ရှိ) မဟာကံကြီးသျှင်စစ်ဘေးရှောင်စခန်းမှ အသက် ၁၇ နှစ်အရွယ် မောင်အေးလှထွန်း ဟုသိရသည်။

ထို ၃ဦးမှာ ဦးခေါင်း၊ ခြေထောက်၊ လက်တို့တွင် ထိခိုက်ဒဏ်ရာရရှိသွားကြပြီး၊ လက်ရှိတွင် ကျောက်တော်ဆေးရုံးတွင် ဆေးကူသမှုခံယူနေကြကြောင်းသိရသည်။

ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လ ၃ဝ ရက်ကလည်း စစ်တွေမြို့၊ ကျောင်းတက်လမ်းရပ်ကွက်ရှိ ရွှေစေတီဘုန်းတော်ကြီးကျောင်းရှေ့လမ်းဆုံ၌ Wifi ကြိုးတပ်ဆင်သူ လူငယ် ၃ ဦးဓာတ်လိုက်ပြီး ၁ ဦးသေဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးရုံတင်ခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ