Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် စကစအဖွဲက အများပြည်သူသွားလမ်းများနှင့် တံတားများပေါ်တွင် မိုင်းထောင်ထား

ကျောက်တော်တွင် စကစအဖွဲက အများပြည်သူသွားလမ်းများနှင့် တံတားများပေါ်တွင် မိုင်းထောင်ထား

AB News – ဇန်နဝါရီ ၇၊ ၂၀၂၄

ရက္ခိုင်ပြည် ကျောက်တော်မြိုတွင် အကြမ်းဖက် စစ်ကောင်စီအဖွဲက အများပြည်သူသွားလာသည့် ကားလမ်းမများနှင့် တံတားများပေါ်တွင် မိုင်းများထောင်ထားကြောင်း စုံစမ်းသိရသည်။

၎င်းတိုသည် ပြည်သူများအသုံးပြုသွားလာနေသော မြိုပတ်လမ်းများတွင် မြေမြုပ်မိုင်းများထောင်ထားသည်သာမက လမ်းငယ်၊ တံတားငယ်များရှိရာ နေရာ၌လည်း မိုင်းများထောင်ထားကြောင်း ဒေသခံ တစ်ဦးက AB News သိုပြောသည်။

“စစ်ကောင်စီက ကျောက်တော်မြိုပတ်လည်မှ မြေမြုပ်မိုင်းတွေ ထောင်ထားပါတယ်။ အထူးသဖြင့် လူသွားလမ်းတွေမှာထောင်တာတွေ့ရတယ်၊၊ ဂစ္ဆပနဒီတံတားပေါ်မှာလည်းထောင်ထားပါတယ်။ လမ်းငယ်တွေမှာလည်း ထောင်ထားတယ်” ဟု ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲက အများပြည်သူအသုံးပြုသွားလာနေသော လမ်း၊ တံတားများတွင် မိုင်းများထောင်ထားသည့်အတွက် ကျောက်တော်မြိုခံများ စိုးရိပ်ထိတ်လန့်လျက်ရှိကြောင်း သိရသည်။

မြိုခံများသည်လည်း စျေးသွားဝယ်ရန်ပင် အခက်အခဲရှိနေပြီး လမ်းမများပေါ်နှင့် ပတ်ဝန်းကျင်ကို ကြည့်ပြီး သွားလာနေရသည်ဟု အမျိုးသမီး တစ်ဦးက ပြောသည်။

“မိုင်းထောင်ထားတော့ ကျမတို စျေးဝယ်ဖိုတောင်မသွားရဲတော့ဘူး၊ လမ်းမတွေနဲ့ ပတ်ဝန်းကျင်ကိုကြည့်ပြီးသွားနေရတယ်၊ အန္တရာယ်လည်းရှိတယ်” ဟုဆိုသည်။

တွေ့ရှိသည့် မြေမြုပ်မိုင်းအချိုကို ယနေ့မနက်တွင် ရက္ခိုင့်တပ်တော်က ရှင်းလင်းထားပြီဖြစ်ကြောင်း တပ်နဲ့နီးစပ်သူများထံမှ သိရသည်။

ထိုအပြင် စစ်ကောင်စီအဖွဲဝင်များက ပုဏ္ဏားကျွန်းမြိုပေါ်ရပ်ကွက်များ၏ လမ်းကြားငယ်များ၊ မြိုနယ်ထွေအုပ်ရုံး၊ ၅၅၀ တပ်ရင်း၏ ဧရိယာပတ်ပတ်လည်တွင် မိုင်းများထောင်ထားသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီက အများပြည်သူ သွားလာနေသည့် လမ်းများတွင် မိုင်းထောင်ထားသည့်အတွက် ယခုရက်ပိုင်းအတွင်း မိုင်းနင်း၍ ခြေထောက်ပြတ်သူ၊ သေဆုံးသူများ နေ့စဥ်လိုရှိလာနေသည်။

ကျောက်တော်မြိုနယ်၊ ညောင်ပင်လှကျေးရွာမှ ဒေါ်မကျော့သိန်း အသက် ၅၉နှစ်မှာ ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့က ခြေထောက်တဖက် လုံးဝ ပြတ်ထွက်သွားပြီး နောက်တစ်ဖက်နှင့် ဝမ်းဗိုက်တွင်လည်း ပြင်းပြင်းထန်ထန်ရရှိသွားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ