Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် ကုလားတန်မြစ်ရေကြီးသောကြောင့် စပါးပျိုးပင်များနစ်မြုပ်သွားသည့်အတွက် ပြန်လည်စိုက်ပျိုးရန် အခက်တွေ့

ABN-ဟိန်းထွန်း

သြဂုတ် ၉ ရက်

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ကမ်းတစ်လျှောက်၌ရှိသော လယ်ကွင်းများတွင် မြစ်ရေများ ၅ ပေခန့်လွမ်းမိုးသွားခဲ့သည့်အတွက် ရှင်သန်နေသည့်စပါးပျိုးပင်များကို ပြန်နုတ်ပြီး ခွဲ၍စိုက်ပျိုးရန်အခက်အခဲဖြစ်နေရကြောင်း တွေ့ရသည်။

လယ်ကွင်းများတွင် မြစ်ရေများလျှော့သွားခြင်းမရှိသေးသည့်အတွက် ရက်တာရှည် ရေဖုံးလွှမ်းနေလျှင် ရှင်သန်နေသည့်အပင်များလည်း ရေဝပြီး သေသွားနိုင်ကြောင်း အပေါက်ဝ ဒေသခံတစ်ဦးက ABN သို့ပြောသည်။

“ဒီနေ့အထိ လယ်ကွင်းတွေမှာ ရေတွေပြည့်နေပါတယ်၊ တာရှည်ရေပြည့်နေမယ်ဆိုရင် ရှင်သန်နေတဲ့အပင်တွေ အမြစ်တွေပြုတ်ပြီးသေသွားနိုင်ပါတယ်၊ တစ်ချို့လယ်ကွင်းတွေဆိုရင် ရေဝနေပါပြီ” ဟု ဆိုသည်။

ကျောက်တော်မြို့နယ်များရှိ ပြည်သူများသည် လယ်ယာလုပ်ငန်းကို အဓိကအားထားမှီခိုနေရပြီး ဆန်စပါးများအထွက်ကောင်းသည့်ဒေသများလည်းဖြစ်ကြောင်း သိရသည်။

မုတ်သုံလေ အားကောင်းမှုကြောင့် ရှင်သန်နေသည့်ပျိုးပင်များသည် အထွက်နှုန်းကောင်းလာမှာ မဟုတ်သည့်အပြင် အချိန်မှီ ရေမကျလျှင် စပါးစိုက်ခင်းများ ပျက်စီးသွားနိုင်ကြောင်း ၎င်း မှဆက်၍ပြောသည်။

“ရေတွေဆက်လက်ပြီးပြည့်လာရင် ပျိုးပင်တွေက အထွက်နှုန်းကောင်းတော့မှာမဟုတ်ပါဘူး၊ နောက် လေးရက်လောက်နဲ့မခမ်းသွားရင် စိုက်ခင်းတွေက ပျက်စီးလာ နိုင်ပါတယ်” ဟုဆိုသည်။

လက်ရှိတွင် မုတ်သုံလေ ဆက်လက်အားကောင်းနေသည့်အတွက် ဒီရေများကြီးလာခြင်း၊ တောတောင်များပြိုကျခြင်းများ ဖြစ်ပေါ်လာနိုင်ကြောင်းတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ