Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တောင်ပွဲမှ အပြန်လမ်းတွင် ဆိုင်ကယ်တိန်းမှောက်၍ အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရ

ကျောက်တော်တောင်ပွဲမှ အပြန်လမ်းတွင် ဆိုင်ကယ်တိန်းမှောက်၍ အမျိုးသားတစ်ဦးပြင်းထန်ဒဏ်ရာရ

ABN-ထက်မြတ်ခင်

ရခိုင်ပြည်တွင် နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိသော ကျောက်တော်တောင်ဘုရားပွဲနောက်ဆုံးည ပွဲမှအပြန်လမ်းတွင် ယမန်နေ့ ည ၇နာရီအချိန်ခန့်က ဆိုင်ကယ်တိန်းမှောက်၍ အမျိုးသားတစ်ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရသွားသည်ဟုသိရသည်။

ဒဏ်ရာရရှိသူမှာ ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်မှ အဖဦးမောင်လှ၏သား အသက်၃၀အရွယ် မောင်ချစ်စုဖြစ်ကြောင်းသိရသည်။

၎င်းမှာ ကျောက်တော်တောင်ဘုရားပွဲအပြီး အပြန်လမ်း ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး အမြန်လမ်းမပေါ်တွင် တိန်းမှောက်ခြင်းဖြစ်သည်ဟု PDYO က ပြောသည်။

၎င်းအား ပုဏ္ဏားကျွန်းမြို့ PDYOအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့ဆေးရုံသို့ပို့ဆောင်ခဲ့ကာ ထိုမှတစ်ဆင့်စစ်တွေဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း PDYOအဖွဲ့ဝင် တစ်ဦးပြောကြားချက်အရသိရသည်။

“ကျနော်တို့ လူနာကိုစစ်တွေသို့ပို့ဆောင်တဲ့အချိန်မှာတော့ လူနာက သတိရတစ်ချက် မရတချက်ဖြစ်နေပါတယ်။ အခုလက်ရှိအခြေနေကိုတော့ကျနော်တို့မသိရသေးပါ” ဟုပြောသည်။

ယမန်နေ့ ၆နာရီအချိန်ခန့်ကလည်း ကျောက်တော်တောင်ပွဲအပြီးတွင် ကျောင်တော်ကန်စောက်တောင်တွင် ကားတစ်စီးတိန်းမှောက်ခဲ့ကာ ကားမောင်းသူမှာဒဏ်ရာအနည်းငယ်ရရှိသွားကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ