Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် စာရင်းပေးထားဟုသိရ

ကျောက်တော်စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင် ၁၀၀၀ ကျော် နေရပ်ပြန်ရန် စာရင်းပေးထားဟုသိရ

ABN- ရှိုင်းမိုး

ကျောက်တော်မြို့မှ စစ်ဘေးရှောင်စခန်းများမှ စစ်ဘေးရှောင်ကို စစ်ကောင်စီမှ နေရပ်ပြန်ခိုင်းသည့်အတွက် စစ်ဘေးရှောင် ၁၀၀၀ ကျော်နေရပ်ပြန်ရန် စာရင်းပေးထားသည်ဟုသိရသည်။

ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်း ၁၁ ခုမှ အိမ်ထောင်စု ၆၄၀နှင့် လူဦးရေး ၁၀၀၀ ကျော်နေရပ်ပြန်မည်ဟုသိရသည်။

နေရပ်ပြန်မည့် စစ်ဘေးရှောင်များမှာ မီးဝ၊ သာစည်၊ မျောက်တောင်၊ ရွှေပြည်၊ သက်ဖြူ၊ မွန်ထောင့်၊ မုန့်သန်းပြင်၊ ရေချမ်းဝ ၊ ရုပ်သား၊ ပီဝ၊ ချင်းလက်ဝနှင့် တခြားရွာများလည်းပါဝင်ကြောင်းသိရသည်။

” သူတို့က မပြန်ရသေးပါဘူး၊ ပြန်ဖို့စာရင်းပေးထားတာပါ၊ ပိုက်ဆံ မကျသေးလို့၊ ပိုက်ဆံကျရင် ပြန်ကြတော့မှာပါ” ဟု ကျောက်တော်ဘူတာ စစ်ဘေးရှောင်စခန်းတာဝန်ခံက ပြောသည်။

ပလက်ဝဖက်မှ စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်လို့မရသေးဟုသိရသည်။

“နေရပ်ပြန်လို့မရသေးတာက ပလက်ဝဖက်ကများပါတယ်၊ ဘာကြောင့်လဲဆိုတော့ ရွာနားတွေမှာ စစ်တပ်ကတပ်စွဲထားတာတွေ ၊ နောက်ပြီး မိုင်းမရှင်းလင်းပေးတာတွေရှိနေသေးတယ်၊ အဲဒါကြောင့် သူတို့ဖက်က ရွာပြန်လို့မရသေးတာရှိပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယမန်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့ စစ်ကောင်စီတပ်ရင်း ၅၅၀မှ ရေဖြူကန်စစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်များကို အတင်းအဓမ္မနေရပ်ပြန်ခိုင်းသည့်အတွက် စစ်ဘေးရှောင်များအားလုံးနေရပ်ပြန်သွားကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ