Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တောမြိုနယ်တွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီး ၁ဦးခြေထောက် ၂ ဖက်လုံး ပြတ်ထွက်သွား

ကျောက်တောမြိုနယ်တွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး အမျိုးသမီး ၁ဦးခြေထောက် ၂ ဖက်လုံး ပြတ်ထွက်သွား

AB News – ဇန်နဝါရီ ၆၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တောမြိုနယ်တွင်  စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းကို နင်းမိပြီး ယနေ့ ဇန်နဝါရီလ ၆ရက် နေ့လည် ၂နာရီခွဲအချိန်တွင် အမျိုးသမီး ၁ဦးခြေထောက် ၂ ဖက်လုံး ပြတ်ထွက်သွားသည်ကိုတွေ့ရသည်။
 
ဒဏ်ရာရရှိသူမှာ ကျောက်တော်မြိုနယ်၊ ညောင်ပင်လှကျေးရွာမှ ဒေါ်မကျော့သိန်း အသက် ၅၉နှစ်ဖြစ်သည်။

ထိုအမျိုးသမီးမှာ ဈေးဝယ်သွားစဥ် သကြားစက်နှင့် ဘုရားတောင်ကြားလမ်းတွင် မိုင်းနင်းမိခဲ့ခြင်းဖြစ်ကြောင်း ဆွေမျိုးတော်စပ်သူ ၁ ဦးက ပြောသည်။

“သွားနေကျလမ်းပါပဲ။ ဈေးဝယ်သွားတာပါ။ အဲဒါ သကြားစက်နဲ့ ဘုရားတောင်ကြားလမ်းမှာ မိုင်းနင်းမိပြီးတော့ ခြေပြတ်သွားပါတယ်” ဟုပြောသည်။

ဝမ်းဗိုက်တွင်လည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယနေ့တစ်ရက်တည်းတွင်ပင် ကျောက်တော်မြို၊ ကစ္ဆပနဒီတံတားအနီးတွင် စစ်ကောင်စီအဖွဲထောင်ထားသည့် မိုင်းနင်းမိပြီး ယနေ့ ဇန်နဝါရီလ ၆ရက်နေ့ ၁နာရီ ၅၆မိနစ် အချိန်တွင် နွား၁ကောင် ခြေပြတ်ဒဏ်ရာရရှိခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲ သည်မြေမြုပ်မိုင်းများကို အရပ်သားများနေထိုင်သည့် မြို၊ ရွာများအနီးတွင် ထောင်ထားသည့်အတွက် ရက္ခိုင်ပြည်ရှိ အပြစ်မဲ့ပြည်သူများနှင့် ကျွဲ၊နွား တိရိစ္ဆာန်များ သေကြေပျက်စီးခဲ့ရသည်။

ထိုအပြင် ရသေ့တောင်မြိုတွင်လည်း စစ်ကောင်စီတပ်ဖွဲမှာ ၎င်းတိုကိုယ်တိုင် ထောင်ထားသည့် မိုင်းကို နင်းမိပြီး ၂ ဦးသေပြီး ဗိုလ်ကြီးအဆင့်ရှိသူ တစ်ဦး ခြေထောက် ၂ ဖက်လုံးပြတ်ထွက်သွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ