Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဆိပ်ရွာသား ၅ ဦး ယနေ့ ထောင်မှလွတ်လာ

Arakan Bay News-ABN

မြန်မာစစ်တပ်က ဖမ်းဆီးထောင်ချထားသည့် ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာမှ ရွာသား ၅ ဦး ချုပ်ရက်စေ့၍ ယနေ့မနက်က ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ညီညီအောင်၏ မိခင် ဒေါ်နီနီက ပြောသည်။

လွတ်လာသူများမှာ ကိုအောင်မျိုးလင်း (၂၄)နှစ်၊ ကိုညီညီအောင် ၂၄ နှစ်၊ ကိုမောင်ချေ (၂၄) နှစ်၊ ပုဏ္ဏားကျွန်းမြိုပေါ်မှ ကိုမင်းစိုး(၃၈)နှစ်နှင့် မြောက်ဦးမြိုနယ်၊ ဇီးပင်ကြီး ကျေးရွာမှ ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ဖြစ်ကြသည်။

၎င်းတို့ ၅ ဦးမှာ ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလ ၁၉ ရက်နေ့က ဖမ်းဆီးခံခဲ့ရပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် (၅၀၅)တပ်ရင်းမှ ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တိုဖြင့် တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။

ကျောက်ဆိပ်ရွာသား ၅ ဦး ယနေ့ ထောင်မှလွတ်လာ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ