Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့သောင်းနယ်တွင် စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ၁ဦးသေဆုံးပြီး၊ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ထွက်ပြေးတိမ်းရှောင်နေ

ABN-ရှိုင်းမိုး

စက်တင်ဘာ ၂၂ ရက်

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်တွင် တိုက်ပွဲ ၂ရက်ဆက်တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ပြည်သူ ၁ဦးသေဆုံးပြီး၊ ပြည်သူ ၂၀၀ ကျော်အား ထိုင်းနိုင်ငံဘက်သို့ ပြောင်းရွှေ့ထားရသည်ဟုသိရသည်။

စက်တင်ဘာလ ၂၀ရက်နေ့နံနက် ၁၁နာရီခန့်က ကော့သောင်းမြို့နယ် မလိဝမ်းရွာ ဆီအုန်းခြံထဲသို့ စစ်တပ်ကဝင်ရောက်လာသောစဥ် တော်လှန်ရေးအဖွဲ့ထောင်ထားသော မိုင်းပေါက်ကွဲပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ကောင်စီတပ်သား ၃ဦးဒဏ်ရာရရှိသောကြောင့် စစ်တပ်မှ ပင်လယ်ကမ်းစပ်ရွာများကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့၍ ပြည်သူ ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်သို့ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

၎င်းအပြင် စစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ချောင်းဝရွာမှ အသက် ၆၀ ကျော်အရွယ် ဦးခင်မြင့်သေဆုံးခဲ့ပြီး၊ ၎င်းရွာနားတွင် တိုက်ပွဲပြင်းထန်လာသောကြောင့် ရွာသားများထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ