Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကူညီကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေ

မိုခါ မုန်တိုင်းအပြီး ပျက်စီးဆုံးရှုံးမှုများမှာ အလွန်ပင် ကြီးမားလှပြီး နောက်ဆက်တွဲ ပြဿနာများမှာ များပြားလှသည်။ သို့ရာတွင် နောက်ထပ်ထိခိုက်ပျက်စီးမှုများကို လျော့ချရန် အလျင်အမြန် ကြိုးစား လုပ်ဆောင်ရပေမည်။

ထို့အတွက် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ဗိုလ်ချုပ်ထွန်းမြတ်နိုင်မှလည်း အတူတကွ ပူးပေါင်းလုပ်ဆောင်ရန် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ နှင့် အာရက္ခ ပြည်သူလူထုကို တောင်းဆို မိန့်ခွန်းစကား ပြောကြားခဲ့သည်။

လိုအပ်သည့် အကူအညီများ အမြန်ဆုံးရောက်ရှိရေး၊ ယာယီ နားခိုစရာများ ပြုလုပ်ရေး၊ သန့်ရှင်းသော သောက်ရေရရှိရေး၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတို့ရရှိရန် အာရက္ခ ပြည်သူ့အစိုးရ၊ HDCO နှင့် တခြားသော သက်ဆိုင်ရာ ပရဟိတ ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတို့ အလျင်အမြန် ကြိုးစားလုပ်ဆောင်နေကြသည်။

ပျက်စီးသွားသော လမ်းတံတား၊ အဆောက်အဦးပျက် များကို ရှင်းလင်းခြင်းတို့ကို အာရက္ခပြည်သူ့အစိုးရနှင့် HDCO အပါအဝင် အရေးပေါ် ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များ ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြသည်။

အရေးပေါ် လိုအပ်သည့် အကူအညီများမှာ အစားအသောက်၊ အမိုးအကာ (တာပေါ်လင်၊ သွပ်၊ သံ) ၊ သောက်သုံးရေ (ရေတွင်း၊ ရေကန်များကို သန့်စင်နိုင်မည့် အကူအညီများ)၊ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်ရန် ဆေးဝါးနှင့် ပစ္စည်းကိရိယာများနှင့် ဆိုလာ၊ ဘက်ထရီ အပါအဝင် တကိုယ်ရေနှင့် မိသားစု သုံးပစ္စည်းများ ဖြစ်ကြောင်း သိရှိရပါသည်။

ထိခိုက်ခံစားနေရသော ပြည်သူများထံသို့ မှန်မှန်ကန်ကန် တိတိကျကျ ရောက်ရှိရေးအတွက် လှူဒါန်းမှုများ ပြုလုပ်လိုပါက အာရက္ခ ပြည်သူ့အစိုးရ၏ လူသားချင်းစာနာထောက်ထားရေး လုပ်ငန်းများကို ဆောင်ရွက်နေသော HDCO နှင့်

ပူးပေါင်းဆောင်ရွက်ရန် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ် ဥက္ကဌမှ တိုက်တွန်းထားသည်။

ပုံ – HDCO ၊ အာရက္ခပြည်သူ့အစိုးရ တာဝန်ရှိသူများနှင့် ကမ်းထောင့်ကြီးလူငယ်အသင်းတို့ စားနပ်ရိက္ခာများ ဖြန့်ဝေနေကြပုံ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ