Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလားတန်မြစ်အတွင်း ရေနစ်မြုပ်နေသည့် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များကယ်ဆယ်

AB News – ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကုလားတန်မြစ်အတွင်း ရေနစ်မြုပ်နေသည့် စစ်ကောင်စီတပ်သားများကို ရက္ခိုင့်တပ်တော်မှ တပ်ဖွဲ့ဝင်များက ကယ်ဆယ်ခဲ့သည့် ရုပ်သံဖိုင် ယခုရက်ပိုင်းအတွင်း ဖေ့စ်ဘုတ်လူမှု စာမျက်နှာတွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။

စစ်သင်္ဘောများ နစ်မြုပ်စဥ◌် အသက်ဘေးလွတ်ရန် ရေးကူးနေကြသည့် စစ်ကောင်စီအဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော် တပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ပေးခဲ့ကြောင်း AA ကလည်း ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

ကယ်တင်ရရှိခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ရက္ခိုင့်တပ်တော်က စစ်သုံ့ပန်းဥပဒေ၊ ဂျင်နီဗာကွန်ဗင်းရှင်းများအရ စနစ်တကျ ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်းလည်း AA ကပြောထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၇ရက်၊ ၈ရက် ကျောက်တော်မြို့အတွင်း ရေကြောင်းတိုက်ပွဲတွင် ရက္ခိုင်တပ်တော်က ဗျူဟာမြောက်တိုက်ခိုက်ခဲ့မှုကြောင့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃စီး အထိနာခဲ့ပြီး ယင်းစစ်င်္ဘော ၃စီး မနစ်မြုပ်မီ လော်စပီကာဖြင့် ၃ကြိမ်တိုင်တိုင် အလံဖြူထောင်၊ လက်နက်ချအညံ့ခံကြရန် ပြောသော်လည်း နားမထောင်ဘဲ ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များအား လေကြောင်းမှ ဒရော့ဗုံးများဖြင့် တန်ပြန်တိုက်ခိုက်ခဲ့သည်ဟု ရက္ခိုင်တပ်တော်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ စစ်သင်္ဘော ၃စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးသည့်အချိန်တွင် စစ်ကောင်စီတပ်မှ ဒရော့ဗုံးဖြင့် ပစ်ခတ်ခဲ့သောကြောင့် ရက္ခိုင့်တပ်တော်မှ အာရက္ခစစ်သည် ၁၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ကုလားတန်မြစ်အတွင်း ယင်းစစ်င်္ဘော ၃စီးနစ်မြုပ်ခဲ့စဥ် ကမ်းမရောက်နိုင်ဘဲ ရေနစ်မြုပ်နေသည့် စစ်ကောင်စီတပ်သားများကို ကယ်တင်ရာတွင် ရက္ခိုင့်တပ်တော်စစ်သည်တော် ၁ဦး အသက်ဆုံးခဲ့ရကြောင်းလည်း ရက္ခိုင့်တပ်တော်က ထုတ်ပြန်ထားကို တွေ့ရှိရသည်။

ရုပ်သံ-Facebook စာမျက်နှာတွင် ပြန့်နှံ့လာသည်ကိုတွေ့ရစဥ်

Website
www.arakanbaynews.com     
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ