Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလားတန်မြစ်ရေသည် နောက် ၂ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

ကုလားတန်မြစ်ရေသည် နောက် ၂ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ကြောင်း မိုးဇလထုတ်ပြန်

ABN-ရှိုင်းမိုး

သြဂုတ် ၇ရက်

ရခိုင်ပြည် ကျောက်တော်မြို့ရှိ ကုလားတန်မြစ်ရေသည် နောက် ၂ရက်အတွင်း စိုးရိမ်ရေမှတ်သို့ရောက်ရှိလာနိုင်ကြောင်း မိုးဇလမှ ယနေ့ ၃နာရီအချိန်က ထုတ်ပြန်လိုက်သည်။

ယနေ့ ၂နာရီကျော်အချိန်ထိ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့၏ စိုးရိမ်ရေမှတ် ၃ပေခန့်တွင်ရောက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

ကျောက်တော်မြို့နယ်တွင် ယနေ့ နံနက်ပိုင်းအချိန်မှစ၍ ဒီရေမြင့်တတ်လာမှုကြောင့် မြစ်ကမ်းနားတလျှောက်ကျေးရွာများမှာ ရေစ၍ နစ်မြုပ်သည်ကိုတွေ့မြင်ရသည်။

လက်ရှိကျောက်တော်မြို့နယ်တွင် ရေမြုပ်နေသည့် ရွာ ၁၀ ကျော်ရှိပြီး၊ ထိုကျေးရွာများမှ ဒေသခံများသည် ကုန်းမြင့်ဒေသသို့ပြောင်းရွှေ့နေကြရသည်။

မိုးများလာသောကြောင့် ကုလားတန်မြစ်ရေသည် ယခုထက်ပိုတိုးလာပါက ကျောက်တော်မြို့နယ်အတွင်း ရွာပေါင်း ၃၀ ကျော်မှာ စိုးရိမ်ရသည့် အခြေနေရှိသည်ဟု ကျောက်တော်မြို့နယ် သရက်တပင်ရွာမှ ဒေသခံတစ်ဦးမှပြောသည်။

” ကျွန်နော်တို့ရွာဆိုရင်ရေမြုပ်နေပြီ၊ တချို့ရွာထဲကနေရာတွေမှာဆိုရင် ခါးလောက်နီးပါရောက်တေ၊ ရေက အကျမရှိဘူး၊ အတတ်ပဲရှိတယ်၊ မိုးကရွာနေတယ်၊ ရေကမကျဘူး၊ အခုလိုမိုးဆက်ရွာနေရင် မြစ်ကမ်းနားတလျှောက်ရွာတွေအတွက်စိုးရိမ်ရပါတယ်” ဟု၎င်းကပြောသည်။

အလားတူ မြောက်ဦးမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင်လည်း ရွာပေါင်း ၅၀ နီးပါးရေနစ်နေပြီး မြို့ပေါ်ရပ်ကွက်များတွင်လည်း ရေစဝင်နေသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ