Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလားတန်မြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ်နေဗီ များလှုပ်ရှားမှုရှိနေ

ရခိုင်ပြည် ကျောက်တော်မြို့နယ်တွင် ကုလာကုလားတန်မြစ်ကြောင်းတလျှောက် စစ်တပ်သုံး စစ်နေဗီ ၂ စီး လှုပ်ရှားသွားလာမှုရှိနေကြောင်းသိဒေသခံများပြောကြားချက်အရ သိရသည်။

ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၆ နာရီ ၄၀ ကျော်ဝန်းကျင်က ကျောက်တော် ဘက်သို့ စစ်ကောင်စီတပ် နေဗီ ၂ စီး တက်သွားသည်ဟု မြစ်ကြောင်း အနီး ရွာသားတစ်ဦးကပြောသည်။

မြစ်ကြောင်းတလျှောက်တွင် ရောင်စုံ၊ သဲတက်၊ အလှမဒီ၊ ပေါက်လေနှင့် အခြားရွာပေါင်း ၁၀ ကျော်တည်ရှိနေသည်။

၂၀၁၈ – ၂၀၂၀ ခုနှစ်ကာလများက ရက္ခိုင့်တပ်တော် AA နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်အပြန်အလှန် တိုက်ပွဲကာလအတွင်း စစ်ကောင်စီရေယာဉ်နေဗီများမှ ကုလားတန်မြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများကို ပစ်ခတ်တိုက်ခိုက်မှုများရှိခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူများစွာ သေဆုံးဒဏ်ရာ ရရှိမှုများအပြင် ပြည်သူများပိုင်ဆိုင်သည့် အိုးအိမ်များ အများအပြား ပျက်စီးဆုံးရှုံးမှုများရှိခဲ့သည်။

ကုလားတန်မြစ်ကြောင်းတလျှောက်တွင် စစ်ရေယာဉ်နေဗီများ မကြာမကြာ သွားလာနေကြခြင်းကြောင့် မြစ်ကြောင်းတလျှောက်ရွာများတွင် ကတုတ်ကျင်းများ အဆင်သင့်တူးထားရကြောင်း ဒေသခံများပြောကြားချက်အရ သိရှိရသည်။

ဓာတ်ပုံ-စစ်ကောင်စီရေတပ် စစ်ရေးလေ့ကျင့်နေသည့်ပုံ

ကုလားတန်မြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ်နေဗီ များလှုပ်ရှားမှုရှိနေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ