Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုးတန်ကောက်စခန်းကို ရက္ခိုင့်တပ်တော်က ၂ ရက်အတွင်း အပြီးသတ် ချေမှုန်းသိမ်းပိုက်

ကိုးတန်ကောက်စခန်းကို ရက္ခိုင့်တပ်တော်က ၂ ရက်အတွင်း အပြီးသတ် ချေမှုန်းသိမ်းပိုက်

AB News – ဖေဖော်ဝါရီလ ၉၊ ၂၀၂၄

ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက်စခန်းကို ယနေ့ ဖေဖော်ဝါရီလ ၉ရက်၊ နံနက် (၁၁) နာရီ (၄၅) မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်က အပြီးသတ် ချေမှုန်းသိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် “ယမန်နေ့က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ အနောက်တောင်ပိုင်း၊ အငူမော်-မောင်တောကားလမ်းမဘေးရှိ စစ်ကောင်စီ၏ ကိုးတန်ကောက်နယ်ခြားစောင့်စခန်း အား ဒုတိယနေ့ဖြစ်သော ယနေ့ နံနက် ၁၁ နာရီ ၄၅ မိနစ်အချိန်တွင် ရက္ခိုင့်တပ်တော်မှ စခန်းတစ်ခုလုံးအား နှစ်ရက်တာထိုးစစ်အပြီး၌ အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခဲ့ပြီဖြစ်သည်” ဟု ဖော်ပြထားသည်။

ယနေ့  ဖေဖော်ဝါရီလ ၉ရက်၊ နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က ရသေ့တောင်မြို့နယ်၊ မယူကမ်း၊ မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများသို့ အထိနာနေသည့် စစ်ကောင်စီသည် ၎င်း၏ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တစ်ချိန်တည်း၌ပင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ရသေ့တောင်အခြေစိုက် ခမရ ၅၃၇ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ဂျက်ဖိုက်တာဖြင့်လည်း လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် မင်းဖူး၊ အောင်မင်း၊ ကျေးတပင်၊ အောင်ဆိပ်နှင့် သံချောင်းကျေးရွာများမှ ​ရွာသားအများစုမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခိုလှုံနေကြရကြောင်း သိရသည်။

ညီနောင်မဟာမိတ် ၃ဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးအရှိန်မြင့်တက်ရာ ရက္ခိုင်ဒေသတွင်း စစ်ရေးဗျူဟာအထိနာနေသည့် တစ်ပြိုင်နက်တည်း တွင်ပင် စစ်စခန်းများကို နေ့စဉ်ရက်ဆက်ဆုံးရှုံးနေရသောကြောင့် စစ်ရှုံးစစ်ကောင်စီသည် ရက္ခိုင်ဒေသတွင်းရှိ အရပ်သား ပြည်သူများရှိသော မြို့၊ ရပ်ရွာများနှင့် အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအား လုပ်ကြံစွပ်စွဲချက်ဖြင့် မတရားဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကို ခပ်စိပ်စိပ် ကျုးလွန်လာလျက်ရှိသည်။

Website
www.arakanbaynews.com
Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ