Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှ ရဟတ်ယာဥ်ဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှ လေကြောင်းဖြင့် အပြင်းအထန်းဗုံကြဲတိုက်ခိုက်နေသည်ဟုသိရသည်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တောင်စွန်းကျေးရွာတွင် ခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

ဇန်နဝါရီ ၁ ရက်နေ့ကစပြီး ဝင်းရေးဒေသတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အပြင်းအထန် ပြုလုပ်နေသည့်အတွက်ကြောင့် တောင်စွန်း၊ အနန်းကွင်းနဲ့ ပတ်ဝန်းကျင်က ရွာသားများ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ဝင်းရေးဒေသတွင် နေအိမ်များ ပျက်စီးသွားသည့်အပြင် ကျေးရွာသား ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိထားသည်ဟု သိရသည်။

စစ်ကောင်စီဘက်မှ ၂၀၂၃ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ အပစ်အခတ်ရပ်စဲလိုက်သည်ဟု ကြေညာထားသော်လည်း ကရင်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှုများအဆက်မပြတ်ပြုလုပ်နေလျက်ရှိသည်။

ကရင်ပြည်နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီမှ  ရဟတ်ယာဥ်ဖြင့် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်နေ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ