Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းသူ ၃၅ဦးရှိနေပြီး ၎င်းတို့အတွက် အထောက်အပံ့လိုအပ်နေ

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းသူ ၃၅ဦးရှိနေပြီး ၎င်းတို့အတွက် အထောက်အပံ့လိုအပ်နေ

ABN-ထက်မြတ်ခင်

ရခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးစစ်ဘေးရှောင်စခန်းတွင် မသန်စွမ်းသူ ၃၅ဦးအထိရှိနေပြီး ဆေးကုသရန် ငွေကြေးအညီများနှင့် စားနပ်ရိက္ခာအထောက်အပံ့အကူအညီများပါ လိုအပ်နေကြောင်း သိရသည်။

ကမ်းထောင်းကြီး စစ်ဘေးရှောင်စခန်းတွင် အိမ်ထောင်စု စုစုပေါင်း ၂၂၂စုရှိပြီး လူဦးရေ စုစုပေါင်း ၈၇၅ယောက်ရှိကာ ထိုအထဲတွင် မသန်စွမ်းသူ ၃၅ဦးအထိရှိနေသည်။

မသန်စွမ်းသူ ၃၅ဦးမှာ စကားမပြောတတ်သူ၊ လက်ကျိုးနေသူ၊ ခြေပြတ်နေသူများနှင့် မျက်မမြင်များနှင့် စိတ်ဝေဒနါ ခံစားနေရသူများဖြစ်ကြသည်။

မျက်မမြင်သူ အသက် ၅၇နှစ်အရွယ် ဦးမောင်ထွန်းသိန်းမှာ မျက်စိဆေးခန်းပြရန်ငွေကြေးလိုအပ်နေကြောင်း ပြောသည်။

“ကျနော် မျက်စိကွယ်နေတာက ၆နှစ်လောက်ရှိပါပြီမျက်စိလည်းမြင်ချင်တယ် ဒါပေမဲ့ဆေးခန်းပြဖို့ငွေက မရှိပါ ဖြစ်နိုင်ရင်ဆေးခန်း တစ်ခါလောက်ပြချင်ပါတယ်’ ဟုပြောသည်။

ထို့အပြင် ကမ်းထောင့်ကြီး စစ်ဘေရှောင်စခန်းတွင်နေထိုင်သူ ဦးသိန်းဌေးမှာ မိုင်းနင်းမိ၍ ညာခြေထောက်ပြတ်ပြီး ယခုအခါ မိသားစုစားဝတ်နေရေးများ အဆင်မပြေဖြစ်နေသည်ဟုသိရသည်။

ခြေတောင်ဖြတ်လိုက်ရသူမှာ အမ်းမြို့နယ် ကစုကိုင်းအုပ်စု သရက်ပင်ချောင်းရွာမှ ဖြစ်ပြီး ၎င်းသည် ၂၀၂၁ခုနှစ်က ရွာအနီး တောင်သို့ ဝါးခုတ်သွားရာ၌မိုင်းနင်းမိ၍ ခြေထောက်တဖက်ပြတ်သွားကြောင်းပြောသည်။

‘ကျနော်က အိမ်ထောင်ဦးစီးဆိုတော့ အတော်လေး အခက်အခဲကြုံနေရပါတယ် စားဝတ်နေရေးကအစ ဆန်းဈေးတွေလည်း တအား ဈေးတက်လာတယ်ဆိုတော့ ဘယ်လိုမှအဆင်မပြေဘူး” ဟုပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် Icrcတို့မှာလေ လာရောက်အကူညီမတာလေးကြာပြီဖြစ်ပြီး စခန်းအတွင်းရှိသူများမှာ ထမင်းချက်စားရတဲ့အခါမှာလေး လျော့ပြီးချက်စားရတာမျိုးလေးရှိသည်ဟု စခန်းတာဝန်ဦးညီးပုပြောကြားချက်အရသိရသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီ၊ ICRC

နှင့် WFP တို့မှ အထောက်အပံ့မရသည်မှာ လအတော်ကြာနေပြီ ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးညီပုကပြောသည်။

“ကယ်ဆယ်ရေးအဖွဲ့တွေ ဆန်မပေးတာကြာပါပြီး၂၀၂၂ ခုနှစ် ၅ လပိုင်းကနေ အခုထိပါပဲ ဆန် ၄ ဗူး စားတဲ့ အိမ်ဆိုရင် ၃ ဗူးပဲ ချက်စားရတာတွေရှိတယ်၊ ဒုက္ခတွေကတော့အမျိုးမျိုးပါပဲ” ဟုပြောသည်။

ထို့အပြင် မသန်စွမ်းသူအများစုမှာ အိမ်ထောင်ဦးစီးများဖြစ်ကြသောကြောင့် အပြင်ထွက်၍ အလုပ် လုပ်ရန်လည်း အဆင်မပြေကြောင်း သိရသည်။

ပြီးခဲ့သည့် စာသင်နှစ်ကလည်း ကျောင်းနေအရွယ် ကလေးများမှာ ကျောင်းနေရန် မတတ်နိုင်သောကြောင့် ကျောင်းမတက်ခဲ့ရကြောင်း စခန်းတာဝန်ခံက ပြောသည်။

စစ်ဘေးရှောင်အများစုမှာ အမ်းမြို့နယ် ဒါးလက်ချောင်းမှ ဖြစ်ပြီး လက်ရှိအချိန်ထိ နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း စစ်ဘေးရှောင်များက ပြောသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ