Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို စစ်ကောင်စီက ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲ တိုက်ခိုက်နေ

AB News – ဇန်နဝါရီ ၄၊ ၂၀၂၄

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို စစ်ကောင်စီအဖွဲ့က Jet တိုက်လေယာဥ်ဖြင့် ယနေ့ နံနက် ၁၁ နာရီကျော် အချိန်မှ စ၍ ယခု ၃နာရီကျော်အချိန်အထိ ဗုံးကြဲ တိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီအဖွဲ့သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းများကို ၄ကြိမ်တိုင်တိုင် လှည့်ပတ်ပြီး ဗုံးကြဲတိုက်ခိုက်နေ​သည်ဟု ဒေသခံ ၁ဦးက ပြောသည်။

“ဒီနေ့ မနက် ၁၁ နာရီကျော် အချိန်မှာ စပြီး တိုက်လေယာဥ်ဟာ ကမ်းထောင်းကြီးမြို့အနီးရှိ တောင်တန်းတွေနဲ့ အမ်းမြို့နယ်၊ ဒါးလက်ချောင်းက တောင်တန်းတွေကို ယခု အချိန်ထိ ဗုံးကြဲတိုက်ခိုက်နေပါတယ်။ ဒါးလက်ချောင်းအတွင်းရှိ ကျေးရွာတွေကိုလည်း ပစ်ခတ်ခဲ့တယ်” ဟု ဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၃ရက်၊ ​မွန်းလွှဲ ၂နာရီ၊ ၃၀မိနစ်ခန့်အချိန်တွင် ကျောက်တော်မြို့နယ်တွင် စစ်ကောင်စီအဖွဲ့က တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အလယ်ကျွန်းရွာမှ အမျိုးသမီး ၁ဦးသေဆုံးပြီး သုံးလအရွယ်ကလေးငယ် ၁ဦးအပါအဝင် ၁၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ