Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီးမြို့တွင် နေအိမ် ၃၀ ခန့် မီးလောင်ပြာကျ

AB News-ဖေဖော်ဝါရီ ၁၉၊ ၂၀၂၄

ရက္ခိုင်ပြည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင် ယမန်နေ့က မီးလောင်မှု ဖြစ်ပြီး လူနေအိမ် ၃၀ ခန့် မီးလောင်ပြာကျသွားကြောင်း သိရသည်။

မီးလောင်မှုမှာ ကမ်းထောင်းကြီးမြို့ ရွာသစ်ရပ်ကွက်တွင်ဖြစ်ပြီး ဖေဖော်ဝါရီ ၁၈ ရက်နေ့ နေ့လည် ၁ နာရီ ၁၀ မှ နေအိမ်များကို စတင်လောင်ကျွမ်းခဲ့ပြီး ညနေ ၃ နာရီဝန်းကျင်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်ဟု ဒေသခံ တစ်ဦးက AB News သို့ပြောသည်။

“မီးက ဘယ်အိမ်က စလောင်တာလဲ မသိဘူး။ လူတွေက ဈေးရောင်းသွားတဲ့သူကသွား အလုပ်သွားတဲ့သူက သွားနဲ့ဆိုတော့ လူသိတဲ့ခါ မီးက ငြိမ်းမရအောင် ကျွမ်းနေပြီ။ ညနေ ၃ နာရီလောက်မှာတော့ မီးငြိမ်းသွားပါတယ်” ဟုပြောသည်။

ရွာသစ်ရပ်ကွက် နေအိမ် ၂၈ အိမ် မီးလောင်ကျွမ်းသွားခဲ့ကြောင်း သိရပြီး မည်သည့်အကြောင်းကြောင့် မီးလောင်ကျွမ်းသွားခဲ့သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

Website
www.arakanbaynews.com 

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ