Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီးမြို့တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး ပြင်းထန်ဒဏ်ရာရ

AB News – ဒီဇင်ဘာ ၁၈၊ ၂၀၂၃

ရက္ခိုင်ပြည်၊ မြေပုံမြို့နယ်တွင် စစ်ကောင်စီအဖွဲ့က ပစ်ခတ်လိုက်သောလက်နက်ကြီး ကျည်ထိပြ ကမ်းထောင်းကြီးမြို့သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ပြင်းထန်ဒဏ်ရာ အသီးသီး ရရှိခဲ့ကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်မှ အဖ ဦးမောင်ဆန်းဝင်း၏သား အသက် ၃၃ နှစ်အရွယ် ဦးမင်းကိုနိုင် ၊ ကမ်းထောင်းကြီးမြို့ တောင်ပိုင်းရပ်ကွက်မှ အဖ ဦးဘခင်၏သမီး အသက် ၄၃ နှစ်အရွယ် ဒေါ်ခင်ခင်သန်း၊ ကမ်းထောင်းကြီးမြို့ ရခိုင်ရပ်ကွက်မှ အဖ ဦးအောင်မောင်၏ သား အသက် ၃၈ နှစ်အရွယ် ဦးတင်မောင်တို့ဖြစ်သည်။

ကဇုကိုင်း အခြေစိုက် စစ်ကောင်စီအဖွဲ့သည် ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်တွင် ပြည်သူများထံသို့ ရည်ရွယ်ချက်ရှိရှိ လက်ကြီးများပစ်ခတ်ခဲ့ရာ ကမ်းထောင်းကြီးမြို့ပေါ်သို့ လက်နက်ကြီး ၂ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားပြည်သူအချို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း တွေ့ရသည်။

တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ ကမ်းထောင်းကြီးမြို့ထဲသို့ လက်နက်ကြီးများ​ဖြင့် လှမ်းပစ်ခြင်းသည် ပြည်သူများကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေခြင်းဖြစ်ကြောင်း မြို့ခံ တစ်ဦးက AB N ews သို့ ပြောသည်။

” ဒီမှာ တိုက်ပွဲ ဖြစ်တာလည်းမရှိပါဘူး၊ ရည်ရွယ်ချက်ရှိရှိနဲ့ လက်နက်ကြီးနဲ့မြို့ကို လှမ်းပစ်တယ်၊ ဒါက လူတွေကို အစုလိုက်အပြုံလိုက်ပစ်သတ်နေတာပါ” ဟု ဆိုသည်။

စကစမှ ပစ်ခတ်သောလက်နက်ကြီးကျည်ထိ၍ ဦးမင်းကိုနိုင်၏ ခါးဆစ်ရိုးနားတွင် ဒဏ်ရာရရှိခဲ့ပြီး ဒေါ်ခင်ခင်သန်း၏ ညာဖက်လက်သကြွယ် ဒဏ်ရာရရှိခဲ့ကာ ဦးတင်မောင်၏ ညာဖက်ပေါင်တွင် ဒဏ်ရာအသီးသီးရရှိခဲ့သည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသွားသူများကို ကမ်းထောင်းကြီးမြို့တိုက်နယ်ဆေးရုံ၌ ဆေးကုသမှုခံယူရလျက်ရှိကြောင်း သိရသည်။

စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ရက္ခိုင်တွင် နေ့စဥ် အရပ်သားပြည်သူများ ထိခိုက် သေဆုံးမှုရှိနေသည်ကိုတွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ