Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီးမြို့တွင် မြတ်နိုးသူ အလှပြင်ဆိုင်ပိုင်ရှင်အား သတ်ပြီး ရွှေထည်များကိုယူသွားခဲ့သည့် တရားခံကို ULAက ဖမ်းဆီးစစ်ဆေးလျက်ရှိနေ

ကမ်းထောင်းကြီးမြို့တွင် မြတ်နိုးသူ အလှပြင်ဆိုင်ပိုင်ရှင်အား သတ်ပြီး ရွှေထည်များကိုယူသွားခဲ့သည့် တရားခံကို ULAက ဖမ်းဆီးစစ်ဆေးလျက်ရှိနေ

ABN – သူရမောင်

ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့တွင် မြတ်နိုးသူ အလှပြင်ဆိုင်ပိုင်ရှင် အသတ်ခံခဲ့ရသည့်အမှုနှင့် ပတ်သက်သည့် တရားခံကို ULAက ဖမ်းဆီးစစ်ဆေးလျက်ရှိနေကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူမှာ ကမ်းထောင်းကြီးမြို့၊ ကျေးတောရွာမှ အဖ ဦးသောင်းရွှေ၏သား မောင်ခိုင်မင်းထွေး ၁၆ နှစ်၊ ၈ တန်းကျောင်းသားဖြစ်ကြောင်း အာရက္ခပြည်သူ့အစိုးရ၏ သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့ထံမှ သိရသည်။

မောင်ခိုင်မင်းထွေးမှာ မြတ်နိုးသူ အလှပြင်ဆိုင်ပိုင်ရှင် မောင်မောင်တင်အိမ်သို့ တစ်ပတ်တစ်ကြိမ်ခန့် လာရောက်လေ့ရှိသူဖြစ်ကြောင်းသိရပြီး၊ ဆိုင်ပိုင်ရှင်နှင့်လည်း ရင်းနှီးမှုရှိသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ည ၈ နာရီခန့်က မောင်ခိုင်မင်းထွေးသည် မောင်မောင်တင်အိမ်သို့ရောက်ရှိခဲ့ပြီး ၁၀ နာရီကျော်ခန့်တွင် ဆိုင်ပိုင်ရှင်ကို ကတ်ကြေးဖြင့်ထိုးသတ်ကာ မောင်မောင်တင်ပိုင်ဆိုင်သည့် ရွှေထည်ပစ္စည်း ၁၈ ကျပ်သားခန့်ကို ယူဆောင်သွားခဲ့သည်ဟု သိရသည်။

မောင်ခိုင်မင်းထွေးမှာ တပ်ရာရွာမှ ငှားစီးလာသည့် ဆိုင်ကယ်ကို ပိုင်ရှင်ထံပြန်အပ်ခဲ့ပြီး ယူဆောင်သွားခဲ့သည့် ရွှေထည်ပစ္စည်းများ ဝှက်ထားသည်ကို သန့်ရှင်းရေးလုပ်နေသည့် အဘွားအိုတစ်ဦးမှ တွေ့ရှိခဲ့သည့်အတွက် သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူအား ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နေ့လည် ၂ နာရီတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ