Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ်းထောင်းကြီးမြို့ကို  စစ်ကောင်စီက တိုက်လေယာဥ် ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ဦး သေဆုံး

ကမ်းထောင်းကြီးမြို့ကို  စစ်ကောင်စီက တိုက်လေယာဥ် ၂စင်းဖြင့် ဗုံးကြဲတိုက်ခိုက်၊ အရပ်သား ၃ဦး သေဆုံး

AB News – ဧပြီ ၃၊ ၂၀၂၄

​မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို စစ်ကောင်စီအဖွဲ့က ယမန်နေ့ ဧပြီလ ၂ရက်၊  ညနေ ၅ နာရီကျော်အချိန်တွင် Jet Fighter ၂စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် အရပ်သား ၃ဦး သေဆုံးခဲ့ရပြီး ၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း မြို့ခံများက အတည်ပြုပြောဆိုသည်။

သေဆုံးခဲ့ရသူများမှာ ကမ်းထောင်းကြီးမြို့၊မြစ်နားတန်းရပ်ကွက်မှ ကိုစည်သူမျိုးအောင် ၂၁ နှစ်၊ ဦးမြင့်ရွှေ ၄၁ နှစ်နှင့် ဦးထွန်းကြည် ၆၄ နှစ် တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် ဗုံးကြဲတိုက်ခိုက်မှုအတွင်း ကမ်းထောင်းကြီးမြို့မှ ဒဏ်ရာရရှိသူ ၃ဦးထက် မနည်း ရှိကြောင်း မြို့ခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

ယမန်နေ့ ညနေ ၅ နာရီကျော်အချိန်တွင် အကြမ်းဖက်စစ်ကောင်စီအဖွဲ့သည် ကမ်းထောင်းမြို့ကို Jet Fighter ၂စီးဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု မြစ်နားတန်းရပ်ကွက်မှ မြို့ခံ ၁ဦးက ပြောသည်။

“မနေ့ က Jet Fghter ၂စီးနဲ့ ၂ကြိမ် ဗုံးကြဲခဲ့တယ်။ ၅ နာရီ ၁၅မိနစ်မှာ တစ်ကြိမ်၊ ၅ နာရီ ၂၇ မိနစ်မှာ နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့တယ်။ မြို့ခံ ၃ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတွေလည်း ရှိတယ်” ဟု ဆိုသည်။

အဆိုပါ ရပ်ကွက်မှ ဦးထွန်းကြည်နှင့် ဦးအောင်ဆန်းဝင်းတို့၏ နေအိမ်များအပါအဝင် အခြားလူနေအိမ်အချို့လည်း ပျက်စီးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကမ်းထောင်းကြီးမြို့မှ မြို့ခံများမှာ ဘေးလွှတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း သိရသည်။

ပြီးခဲ့သည့် မတ်လ ၂၉ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြေပြင်တပ်နှင့် စစ်သင်္ဘောနေဗီပေါ်မှ ကမ်းထောင်းကြီးမြို့ကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့်  ပြည်သူ ၅ ဦးဒဏ်ရာရရှိခဲ့သည်။

ထို့အပြင် မတ်လ ၂၄ ရက်နေ့က ကမ်းထောင်းကြီးမြို့  ဆေးရုံအား အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ပြီး ဆေးရုံသန့်ရှင်းရေးဝန်ထမ်းအမျိုးသမီး ၁ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

Website
www.arakanbaynews.com  

Facebook
https://www.facebook.com/arakanbaynewsinfo?mibextid=ZbWKwL

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ