Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် ဟွန်ဆန်၏ CPPပါတီဆက်လက် အနိုင်ရ

ကမ္ဘောဒီးယားရွေးကောက်ပွဲတွင် ဟွန်ဆန်၏ CPPပါတီဆက်လက် အနိုင်ရ

ABN-နွယ်စိုး

ဇူလိုင်၂၄ ရက်

ကမ္ဘောဒီးယားနိုင်ငံတွင် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲ၌ ဝန်ကြီးချုပ် ဟွန်ဆန်၏ အာဏာရပါတီအနေနှင့် လွှတ်တော်နေရာ ၁၂၅ နေရာ အားလုံးနီးပါး အနိုင်ရရှိခဲ့ကာ အပြတ်အသတ်အနိုင်ရရှိခဲ့သည်ဟု CPPပါတီ၏ပြောခွင့်ရသူ Sok Eysanက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၌ အာဏာရပါတီဖြစ်သော ကမ္ဘောဒီးယားပြည်သူ့ပါတီ CPP သည် ရွေးကောက်ပွဲ၌ ၇၈ ရာခိုင်နှုန်းကနေ ၈၀ ရာခိုင်နှုန်း အပြတ်အသတ်အနိုင်ရရှိခဲ့ကြောင်း CPP ပါတီ ပြောခွင့်ရသူ Sok Eysan ဆိုသည်။

မဲပေးခွင့်ရှိသူ လူဦိးရေ ၉.၇ သန်းထဲတွင် ၈၄ ရာခိုင်နှုန်း မဲလာပေးခဲ့ကြကြောင်း ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မတီက ကြေညာထားပြီး

အဆိုပါ ရွေးကောက်ပွဲသည် တိုင်းပြည်ငြိမ်းချမ်းရေးနှင့် ဖွံဖြိုးရေးလိုလားသည့် လူထု၏ဆန္ဒဖော်ပြချက်ဖြစ်သည်ဟုလည်း CPP ပြောခွင့်ရသူက ပြောကြား၍ ရွေးကောက်ပွဲအတွင်း ပယ်မဲ သုံးသိန်းလောက်ရှိကြောင်းလည်း ၄င်းက ပြောကြားခဲ့သည်။

ထို့အပြင် ပြည်ပရောက်နေသော ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် Sam Rainsy က မဲမပေးကြရန်၊ ပယ်မဲဖြစ်အောင်လုပ်ရန် ၄င်းအားထောက်ခံသူများကို တိုက်တွန်းခဲ့သည်။

ပြည်ပရောက်အတိုက်အခံခေါင်းဆောင် ainsy အနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း မရိုးသားမှုများရှိသည်ဟု ပြောဆိုခဲ့ပြီး မဲရေတွက်ချိန်၌ မဲရုံအတော်များများမှာ တံခါးများ ပိတ်ပစ်ခဲ့မှုကို ထောက်ပြ ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံတွင် အဓိက အတိုက်အခံပါတီ မပါပဲ ရွေးကောက်ပွဲလုပ်ခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။

Sam Rainsy ဦးဆောင်သော ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီကို တရားရုံးချုပ်ကနေ ၂၀၁၈ ခုနှစ်မှာ ပယ်ဖျက်လိုက်သည့်အတွက် ရွေးကောက်ပွဲဝင်နိုင်ရန် အခွင့်ရေးမရှိခဲ့ပေ။

၂၀၁၈ ရွေးကောက်ပွဲ၌ အာဏာရ CPP ပါတီကပဲ လွှတ်တော်နေရာ ၁၂၅ ခုလုံးကို အနိုင်ရရှိခဲ့သည်။

CPP ပါတီ အနိုင်ရရှိမှုကြောင့် ၃၈ နှစ်နီးပါး အာဏာချုပ်ကိုင်လာခဲ့သည့် ဝန်ကြီးချုပ် Hun Sen ဆက်ပြီး အုပ်စိုးခွင့်ရမည်ဖြစ်သလို တပြိုင်တည်း Hun Sen ၏ သားဖြစ်သူHun Manet ကို အာဏာလွှဲပေးရန် ပြင်ဆင်နေချိန်လည်းဖြစ်သည်။

ရွေးကောက်ပွဲ ပြီးပြီးချင်း ၄င်း၏ သားဖြစ်သူအား ဝန်ကြီးချုပ်ဖြစ်လာနိုင်သည်ဟု Hun Sen က အရိပ်အမြွက် ပြောဆိုခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပါတီခေါင်းဆောင်တစ်ဦး သေဆုံးပြီးနောက် နိုင်ငံအတွင်း ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ဝင်တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားကာ ရဲအရာရှိ ၁၅ ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူ တစ်ဦး သေဆုံး