Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
V-Day ကို “Cow Hug Day” အဖြစ် အိန္ဒိယသတ်မှတ်ရန် ကြိုးစား

ABN – သူရမောင်

အိန္ဒိယမှ လူမျိုးစုကြီးတစ်စုဖြစ်သည့် ဟိန္ဒူလူမျိုးတို့မှာ ရာစုနှစ်ပေါင်းများစွာ ကမ္ဘာကြီးအဖြစ်သော်လည်းကောင်း၊ ဘုရားသခင်အဖြစ်သော်လည်းကောင်း ရိုသေမြတ်နိုး တန်ဖိုးထားလာခဲ့ကြသည်။

အမှန်ဆိုလျှင် အာဏာပိုင်များက ဗယ်လ်တိုင်းဒေးကို Cow Hug Dayအဖြစ်သတ်မှတ်ရန် မွေးမြူခဲ့သည့် တိရိစ္ဆာန်များဖြင့် ပြောင်းလဲရန်မျှော်လင့်ထားလျက်ရှိပြီး ထိုသို့ပြောင်းလဲခြင်းသည် ပြည်သူများသို့ စိတ်ဓာတ်ပိုင်းမြင့်မားလာမှုကို ထပ်ဆင့်မြှင့်တင်လိုက်ခြင်းဖြစ်သကဲ့သို့ အနောက်တိုင်း ယဉ်ကျေးမှုလွှမ်းမိုးလာခြင်းကိုလည်း ရိုးရာအမွေအနှစ်တစ်ခုဖြင့် ဆန့်ကျင်လိုက်ခြင်းဖြစ်သည်။

ထိုသို့ပြောင်းလဲလိုက်ခြင်းသည် နောက်ထပ် တီဗွီဖန်သားပြင်ပေါ်တွင် ဗိုလ်စွဲထားသည့် အင်တာနက် မင်မီများ၊ ကာတွန်းများနှင့် ဟာသများကို စွန့်ပယ်လိုက်ခြင်းဖြစ်သကဲ့သို့ ရလာဒ်ကိုလည်း ပြောင်းလဲနိုင်ပုံပေါက်နေသည်။

ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို Cow Hug Day အဖြစ်ပြောင်းလဲရန် ကြေညာချက်ထုတ်ပြန်ခြင်းသည် အိန္ဒိယ၏ ယဉ်ကျေးမှုနှင့် ကျေးလက်စီးပွားရေး၏‌ ကျောရိုးဖြစ်သည့် နွားများကို ထိန်းသိမ်းစောင့်ရှောက်နေသည့် the Animal Welfare Board of India အဖွဲ့မှ တနင်္လာနေ့က ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“နွားဆိုတာ လူ့အဖွဲ့အစည်းကို ချမ်းသာကြွယ်ဝမှုတွေကိုပေးအပ်တဲ့ အရာအားလုံးရဲ့ အလှူရှင်ပါ၊ ဒါ့ကြောင့်လည်း လောကအဟာရအဖြစ် သိကြတာပေါ့” ဟု ပြောဆိုလိုက်ခြင်းဖြစ်သည်။

နွားပွေ့ဖက်ရန် တွန်းအားပေးမှုသည် Vedic ကိုတိုးများလာစေရန်နှင့် အနောက်တိုင်းယဉ်ကျေးမှု လွှမ်းမိုးခံထား ရသည့် ဟိန္ဒူဓလေ့ထုံးတမ်းစဉ်လာများကို ပြန်လည်မြှင့်တင်ရန် ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။

“Vedicရိုးရာတွေဆိုတာက အနောက်တိုင်းယဉ်ကျေးမှုတွေ ပြန့်ပွားလာတာကြောင့် ပျောက်ကွယ်လုနီးပါး ဖြစ်သွားခဲ့တဲ့ ရိုးရာတစ်ခုဖြစ်တယ်၊ အနောက်တိုင်းယဉ်ကျေးမှု ထွန်းကားလာတာက ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် အမွေအနှစ်ကို မေ့လုနီးပါဖြစ်သွားအောင်ထိကို ကြီးစိုးသွားခဲ့ပါတယ်” ဟု ထိုအဖွဲ့မှ ဆက်ပြောသည်။

သို့သော် ကြေညာချက်ထုတ်ပြန်ပြီး တစ်ပတ်အတွင်း အွန်လိုင်းပေါ်တွင်ကောလဟာလများ ပြန့်ပွားခဲ့ခြင်းကြောင့် ပြောင်းလဲခြင်းအစီအစဉ်မှာ ပြန်လည်ရုတ်သိမ်းလုနီးပါး ဖြစ်သွားခဲ့သည်။

မီဒီယာများကလည်း အစိုးရ၏ အစီအစဉ်ကို အင်တာနက်ပေါ်တွင် ချပ်ဝတ်တန်ဆာဝတ်လူများထံမှ နွားများထွက်ပြေးနေသည့် ကာတွန်းပုံများရေးဆွဲကာ လှောင်ပြောင်ခဲ့ကြသည်။

အိန္ဒိယ ဦးဆောင် အင်္ဂလိပ်ဘာသာစကား သတင်းချန်နယ်လ် (NDTV)မှ အမာခံတစ်ဦးသည် နွားအများအပြားကို ဖက်ရန်ကြိုးပမ်းနေသည့် ရုပ်ရှင်ပင်ရိုက်ခဲ့သည်။

“အဓိပ္ပာယ်က ပိုအရေးကြီးပါတယ်” ဟု ရုပ်ရှင်ရိုက်တုန်းက လှောင်ပြောင်ခဲ့သည်။

နွားလေ့လာဆန်းစစ်ချက်

အိန္ဒိယလူဦးရေ ၁ ဒသမ ၃ ဘီလီယံ၏ ၈၀ ရာခိုင်နှုန်းသော ဟိန္ဒူလူမျိုးများမှာ နွားများကို သတ်ဖြတ်ခြင်း၊ စားသုံးခြင်းများကို ပြုလုပ်နေသည်မှာ အစိုးရ၏ မူဝါဒကို မွှေနှောက်နှောင့်ယှက်နေသည်မှာ ပထမဆုံးအကြိမ်မဟုတ်ပေ။

တိရိစ္ဆာန်များအား ရောင်းချခြင်း၊ သားထိုးခြင်းများကို နိုင်ငံတစ်ဝန်းလုံးတွင် တားမြစ်ထားပြီး တိရိစ္ဆာန်အများစုမှာလည်း လမ်းမများပေါ်တွင် မကြာမကြာလျှောက်သွားလာခြင်းများရှိနေသည့်အတွက်လည်း မော်တော်ယာဉ်သမားများမှာ သူတို့ကို မတိုက်မိအောင် ရှောင်ရှားကြရသေးသည်။

Rashtriya Kamdhenu Aayog (RKA)ဟု လူသိများသည့် နွားများကာကွယ်ရေး အေဂျင်စီကို ၂၀၁၉ ခုနှစ်တွင် Ministry of Fisheries, Animal Husbandry and Dairyingက တည်ထောင်ခဲ့သည်။

၂ နှစ်ကြာပြီးနောက် တိရိစ္ဆာန်များအကြောင်း သိပ္ပံနည်းကျမဟုတ်ဘဲ အတည်ပြုချက်အပေါ် သင်ရိုးညွှန်းတမ်းရေးဆွဲပြီးနောက် နိုင်ငံအဆင့် “cow science”စာမေးပွဲကို အပြီးသတ် ဖယ်ရှားရန် RKAအဖွဲ့အား စေခိုင်းခဲ့သည်။

အထောက်အထားမရှိဘဲ ဒေသတွင်းနွားများမှ အရည်အသွေးအပြည့်ဆုံးနွားနို့ကို နိုင်ငံခြားနွားများနှင့် နှိုင်းယှဉ်ခြင်းကိုလည်း ဖော်ပြခဲ့သည်။

နိုင်ငံရေး သတ္တဝါ

၂၀၁၄ ခုနှစ်က ဟိန္ဒူအမျိုးသားရေးဝါဒအပေါ် အာဏာစက်သက်ရောက်အောင်ကြိုးပမ်းခဲ့သည့် ဝန်ကြီးချုပ် နရင်ဒရာ မိုဒီ၏အဆိုအရ တိရိစ္ဆာန်ဆိုသည်မှာလည်း နိုင်ငံရေးအရ တိုးတက်လာမှုပင်ဖြစ်သည်ဟု ပြောဆိုထားသည်။

Modi’s Bharatiya Janata Party(BJP)မှာ အစွန်းရောက် ဟိန္ဒူရိုးရာဒလေ့ထုံးတမ်းများနှင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်ပြီး၊ ဝေဖန်ရေးသမားများကလည်း နွားကိုးကွယ်ခြင်းကို အကြောင်းကြားရန်၊ အနှောင့်အယှက်ပေးရန်နှင့် မူဆလင်များအား သတ်ရန်အတွက်တောင်ပင် အသုံးပြုခဲ့ကြောင်း ပြောကြသည်။

လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ပြောကြားချက်အရ အိန္ဒိယမှ နွားသတ်ရာဇဝတ်မှုများကို မသိကျိုးကျွံပြုခြင်း သို့မဟုတ် အာဏာပိုင်များက ဖုံးဖိခြင်းများကို မိုဒီလက်ထက်မှစ၍ လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

၂၀၁၄ ခုနှစ်က မိုဒီ၏ မဲဆွယ်ပွဲတွင် ကျွဲနွားတိရိစ္ဆာန်များသတ်ဖြတ်မှုအား အစားထိုးသုံးစွဲခဲ့သည့် ပန်းရောင်တော်လှန်ရေးကို အဆုံးသတ်ပေးမည်ဖြစ်ကြောင်း ကတိပေးထားခဲ့သည်။

အခြား GJPဥပဒေရေးဆွဲသူများက သူ့ကတိထက် ခြေတစ်လှမ်းသာနေပေသည်။

“ကျွဲနွားတွေကို သူတို့မိခင်လို မသတ်မှတ်ဘူး၊ ပြီးတော့ သူတို့ကို သတ်တဲ့သူတွေကို ခြေလက်ချိုးပစ်မယ်ဆိုပြီး ကျွန်တော်ကတိပေးခဲ့ပါတယ်” ဟု ၂၀၁၇ ခုနှစ် မဲဆွယ်ပွဲတစ်ခုအတွင်း the State of Uttar Pradeshမှ အမတ်တစ်ဦးဖြစ်သည့် Vikram Sainiက ပြောခဲ့သည်။

အမျိုးသမီးများနှင့် လူနည်းစု မျိုးနွယ်စုများကို အကြမ်းဖက်ကျူးလွန်သည့် နိုင်ငံတွင်း အုတ်အော်သောင်းသဲဖြစ်ပေါ်စေခဲ့သည့် ထုတ်ပြန်ချက်သည် သတင်းစာခေါင်းစီးပိုင်းတွင် မကြာမကြာ ဖော်ပြခံခဲ့ရသည်။

၂၀၁၇ ခုနှစ်တွင် ဓာတ်ပုံဆရာတစ်ဦးလည်းဖြစ်၊ တက်ကြွလှုပ်ရှားသူတစ်ဦးလည်း ဖြစ်သည့် Sujatro Ghosh၏ အိန္ဒိယအမျိုးသမီးများမှ နွားသားရေကို မျက်နှာချုပ်အဖြစ် ပြောင်းလဲဝတ်ဆင်ထားသည့် ဓာတ်ပုံများမှာ လူမှုကွန်ယက်တွင် ပျံ့နှံသွားခဲ့သည်။ ထိုဓာတ်ပုံများမှာ နွားက မိန်းမထက်သာသည်ဟု ယူဆထားသည့် လူ့အဖွဲ့အစည်းအတွက် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ရာရောက်စေခဲ့သည်။

BJP ဥပဒေရေးဆွဲသူ Giriraj Singhက Cow Hug Day ကို မဖျက်သိမ်းခင် ကြာသပတေးနေ့က အစိုးရမှ အလွန်‌ကောင်းမွန်သည့် ဆုံးဖြတ်ချက်ကို ချလိုက်ပြီဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

“နွားတွေကို ဖက်သင့်ပါတယ်၊ နွားတွေကို ကျွန်တော်တို့ ချစ်သင့်တယ်၊ ဖက်သင့်ပါတယ်” ဟု သူကပြောသည်။

CNN သတင်းဌာနတွင် India tried to rebrand Valentine’s Day as ‘Cow Hug Day.’ Here’s how it backfired ဖော်ပြထားသည့် ဆောင်းပါးအား ABN မှ သတင်းထောက်ချုပ် သူရမောင် ဘာသာပြန်ဆိုသည်။

V-Day ကို "Cow Hug Day" အဖြစ် အိန္ဒိယသတ်မှတ်ရန် ကြိုးစား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ