Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Uyghur ခိုလှုံခွင့်တောင်းခံသူ မူဆလင် အမျိုးသားတစ်ဦးသေဆုံးမှုကို ထိုင်းအာဏာပိုင်များ အတည်ပြု

Uyghur ခိုလှုံခွင့်တောင်းခံသူ မူဆလင် အမျိုးသားတစ်ဦးသေဆုံးမှုကို ထိုင်းအာဏာပိုင်များ အတည်ပြု

ABN- ကိုဟိန်းထွန်း

ဘန်ကောက် လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစင်တာ IDC ဌာနတွင် နှစ်ပေါင်းများစွာ ထိန်းသိမ်းခံထားရသော အသက် ၄၉ နှစ်အရွယ် ဝီဂါခိုလှုံခွင့်ရှာဖွေသူ မူဆလင်အမျိုးသားတစ်ဦး သေဆုံးသွားသည်ဟုထိုင်းလူဝင်မှုကြီးကြပ်ရေး ဗျူရိုက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က အအတည်ပြုခဲ့သည်။

Aziz Abdullah သည် ဘန်ကောက်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွင် ပြုတ်ကျပြီး သေဆုံးသွားခဲ့သည်။

အစ္စလာမ်ဘာသာ၏ ဓလေ့ထုံးတမ်းစဥ်လာအရ မူဆလင်တစ်ဦးသေဆုံးခဲ့လျှင် ၂၄ နာရီအတွင်း သင်္ဂြိုဟ်ရမည်ဖြစ်သောကြောင့် ထိုင်းအာဏာပိုင်များက ၎င်းအားသင်္ဂြိုလ်ရန် ချက်ချင်းစီစဉ်ပေးဖို့ ထိုင်းနိုင်ငံ၏ မူဆလင်ကွန်မြူနတီ ခေါင်းဆောင် Chularatchamontree ရုံးကို ဆက်သွယ်ခဲ့သည်ဟု သိရသည်။

သူသည် အကြိမ်ကြိမ် သတိလစ်သွားပြီး လဲကျသွားခဲ့သောကြောင့် ဆရာဝန်ကိုခေါ် ရန် တောင်းဆိုခဲ့​ေသာ်လည်း ဆရာဝန်ဆီ မရောက်ခဲ့ကြောင်းသတင်းရင်းမြစ်များမှသိရှိရသည်။

“သူတို့ရဲ့ နေရေးထိုင်ရေးက အရမ်းဆိုးတယ်” ဟု World Uyghur Congress’s Refugees Center မှ ဒါရိုက်တာ Polat Sayim က ဆိုသည်။

ထိုင်းတွင် ၂ နှစ်ကြာ စောင့်ကြည့်နေသည့် Sayim က ၎င်းတို့သည် အခန်းငယ်များမှ အပြင်မထွက်နိုင်ဘဲ တစ်နေ့လျှင် အစာ ၂နပ်သာ စားရပြီး၊ ရေသန့်မရရှိခြင်းနှင့် တစ်ပတ်ရစ် ဆေးလိပ်ငွေ့များကို ခံခဲ့ရသည်ဟု ဆိုသည်။

“ထိုင်းနိုင်ငံဟာ သူတို့ရဲ့ နိုင်ငံတကာ လူ့အခွင့်အရေး တာဝန်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေပါတယ်” ဟု Human Rights Watch ၏ အာရှဆိုင်ရာ လက်ထောက် ဒါရိုက်တာ Phil Robertson က ပြောကြားခဲ့သည်။

“ဒါတွေက အကာအကွယ်ပေးသင့်တဲ့ ဒုက္ခသည်တွေပါ။ ထိုင်းအစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုကို သက်သေပြချက်မှာ အဆိုပါ အမျိုးသားများကို နေရောင် မမြင်ရဘဲ တစ်နေ့လျှင် ၂၄ နာရီကြာ ကျဉ်းမြောင်းတဲ့ နေရာတွေမှာ ဆက်လက် ချုပ်နှောင်ထားကာ အစားအသောက်နှင့် ဆေးဝါး လုံလောက်မှု မရှိခြင်းတွေကြောင့် ဖြစ်တယ်” ဟု Human Rights Watch ၏ အာရှဆိုင်ရာ လက်ထောက် ဒါရိုက်တာ Phil Robertson က ပြောသည်။

Aziz Abdullah ၏ သေဆုံးမှု အကြောင်းအရာနှင့်ပတ်သက်၍ ဇာတ်လမ်းတစ်ပုဒ်ကို BBC News သတင်းဌာနမှ ပထမဦးဆုံးအစီရင်ခံတင်ပြပြီးနောက်တွင် ၎င်းအမှုသည် ပြည်သူလူထုအများအား အာရုံစိုက်မှုကို ရခဲ့သည်။

Aziz သေဆုံးပြီးနောက် ထိုင်းနိုင်ငံတွင် ၉ နှစ်ခန့် ထိန်းသိမ်းခံထားရသည့် ဝီဂါ ခိုလှုံခွင့်တောင်းခံသူ ၅၀ ခန့်ကို ဖမ်းဆီးထားရာမှ ပြန်လွှတ်ပေးရန်၊ ၎င်းတို့အား ပြန်လည်နေရာချထားပေးရန် နှင့် လူသားဆန်စွာ ဖြေရှင်းချက်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက ထိုင်းအစိုးရကို တောင်းဆိုထားသည်။

တရုတ်နိုင်ငံသည် မကြာသေးမီနှစ်များအတွင်း လူပေါင်း တစ်သန်းကျော်ကို ကျယ်ပြန့်သော ကွန်ရက် ထိန်းသိမ်းရေးစခန်းများတွင် ချုပ်နှောင်ခံထားရသည်ဟု လူ့အခွင့်အရေးအဖွဲ့များက ယုံကြည်သည့် ရှင်ကျန်းရှိ Uyghur မူဆလင်များနှင့် အခြားလူနည်းစုများအပေါ် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။

၂၀၁၃ ခုနှစ်တွင်နှောင်းပိုင်းတွင် ရှင်ကျန်း အနောက်တောင်ပိုင်း ဝေးလံသော လယ်သမားတစ်ဦးဖြစ်သည့် အဗ္ဗဒူလာသည် ၎င်း၏ကိုယ်ဝန်ဆောင်ဇနီး၊ အစ်ကိုနှင့် ကလေးခုနစ်ဦးတို့နှင့်အတူ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ ထိုင်းတောင်ပိုင်းတွင် ကြားဖြတ်ဟန့်တားခံရချိန်တွင် ၎င်းတို့သည် မလေးရှားမှတစ်ဆင့် တူရကီနိုင်ငံသို့ ရောက်ရှိရန် ကြိုးပမ်းနေသည်ဟု တက်ကြွလှုပ်ရှားသူများက ပြောသည်။

Abdullah သည် ၃ ပတ်ကျော် နေမကောင်းဖြစ်နေခြင်းနှင့်ပတ်သက်၍ ရင်းနီးသည့် တက်ကြွလှုပ်ရှားသူများက ပြောကြားခဲ့သော်လည်း ထိုင်းအာဏာပိုင်များက ဆေးရုံသို့ ပို့ဆောင်ရန် ငြင်းဆိုခဲ့သည်။

“သူ ချောင်းဆိုးပြီးသွေးအန်ပါတယ်၊ ဘာမှမစားနိုင်ပါဘူး” ဟု World Uyghur Congress ၏ ဒုက္ခသည်များဆိုင်ရာ ကွန်ဂရက်၏ ဒါရိုက်တာ Polat Sayim က ပြောကြားခဲ့သည်။ “IDC မှ ဆရာဝန်တစ်ယောက်က သူ့ကို စစ်ဆေးခဲ့ပေမယ့်လည်း သူ့ရဲ့အခြေအနေက ပုံမှန်ပါပဲ” ဟုဆိုသည်။

ထိန်းသိမ်းရေးစခန်းက ပြုတ်ကျပြီးနောက် သူ့ကိုဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း မကြာမီ သေဆုံးသွားကြောင်း ကြေညာခဲ့သည်။ ဆေးရုံမှ ထုတ်ပေးသည့် သေဆုံးမှု သက်သေခံလက်မှတ်တွင် အဆုတ်ပိုးဝင်ခြင်းကြောင့် သေဆုံးရခြင်းဖြစ်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ