Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
UTN ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်ဖြစ်လိုကြောင်း လက်ရှိဝန်ကြီးချုပ်ပရာယွတ်ပြော

UTN ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်ဖြစ်လိုကြောင်း လက်ရှိဝန်ကြီးချုပ်ပရာယွတ်ပြော

ABN-နွယ်စိုး

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ယမန်နေ့က ထိုင်း -ဂျန်ပန် ဘန်ကောက်လူငယ်စင်တာသို့ ရောက်ရှိခဲ့ပြီး ဗျူဟာမှူးနှင့် ဝန်ကြီးချုပ်လောင်းအဖြစ် ယှဉ်ပြိုင်မည့် United Thai Nationပါတီ၏ ကိုယ်စားလှယ်လောင်းများကို ထောက်ခံအားပေးရန် ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် မေလ ၁၄ ရက်တွင်းကျင်းပမည့် အထွေထွေရွေးကောက်ပွဲ အပြီးတွင် ဝန်ကြီးချုပ်အဖြစ် ပြန်ရခဲ့မည်ဆိုပါက United Thai Nation (UTN)၏ ပါတီခေါင်းဆောင် Pirapan Salirathavibhaga ကို ၄င်း၏ ၈ နှစ်တာ ဝန်ကြီးချုပ်သက်တမ်း ကုန်ဆုံးချိန်တွင် ၄င်း၏ နေရာကို ဝန်ကြီးချုပ်အဖြစ် ဆက်ခံစေလိုသည် ဟု ပရာယွတ်ချန်အိုချာ က ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာသည် Dim Daeng ခရိုင်ရှိ ထိုင်း- ဂျန်ပန် လူငယ်စင်တာသို့ ရောက်ရှိလာခဲ့စဥ် Pirapan ကို နှစ်သက်လိုလားကြောင်း ပြောကြားခဲ့သည်။

ကျွန်တော်သာ ဝန်ကြီးချုပ်ဖြစ်ခွင့်ရမယ်ဆိုရင် နှစ်နှစ်အတွင်းမှာ ကျွန်တော်ရဲ့ အချိန်တွေ ကုန်သွားမှာပါဟု ဗိုလ်ချုပ် ပရာယွတ်ချန်အိုချာက ပြောကြားခဲ့ပြီး အဲဒီနောက်မှာတော့ ပါတီခေါင်းဆောင်ဖြစ်တဲ့ ဒုတိယဝန်ကြီးချုပ် မစ္စတာ Pirapanက ကျွန်တော့်နေရာကို ဆက်ခံနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။ ကျွန်တော် သူ့အပေါ် ၁၀၀ ရာခိုင်နှုန်းထက် ပိုယုံကြည်မှုရှိပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့အပြင် မေလ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပါလီမန်၌ ပူးတွဲထိုင် ဝန်ကြီးချုပ်အဖြစ် ပြန်လည်အရွေးခံရပါက ဗိုလ်ချူပ်ကြီး ပရာယွတ်သည် ၂၀၂၅ ခုနှစ်အထိ ရာထူးဆက်ခံခွင့်ရရှိမည်ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ပရာယွတ်သည် ပါတီစာရင်းတွင် ပါလီမန်အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်သော်လည်း မစ္စတာ Pirapanအား ပါတီစာရင်း၏ ထိပ်ဆုံးနေရာတွင် ရှိနေမည်ဖြစ်သည်။

ယမန်နေ့က စင်တာတွင် ပါတီမှတ်ပုံတင်ခြင်းပြုလုပ်နေစဥ်အတွင်း ဗိုလ်ချူပ်ကြီး ပရာယွတ် ဒုဝန်ကြီးချုပ် အပါအဝင် ( PPRP)ခေါင်းဆောင် Prawit Wongsuwon တို့နှင့် ချစ်ခင်ရင်းနှီးစွာ နှုတ်ဆက်စကားပြောဆိုခဲ့သည်။

လာမည့် ရွေးကောက်ပွဲအပြီးတွင် UTNအနေဖြင့် အခြားပါတီးများနှင့် မဟာမိတ်ပြုရန် ကြိုတင်သတ်မှတ်ချက်များ ရှိ မရှိ မေးမြန်ရာတွင် ဗိုလ်ချုပ်ကြီး ပရာယွတ်က “အခြေနေတွေ မရှိ​ဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ပါတီတိုင်းနဲ့ လက်တွဲလို့မရဘူး” ဟု ပြောခဲ့သည်။

ထို့အပြင် ဗိုလ်ချူပ်ကြီး ပရာယွတ်အား ဗိုလ်ချုပ်ကြီး Prawit Wongsuwonနှင့် ၄င်းတို့၏ ဆက်ဆံရေးနှင့်ပတ်သက်၍ မေးမြန်ရာတွင် ဗိုလ်ချူပ်ကြီး ပရာယွတ်က သူဟာ တခြားပါတီ(PPRP)နှင့်အတူတူရှိနေပါတယ်၊ အခု ကျွန်တော်တို့ နိုင်ငံရေးနယ်ပယ်မှာ ယှဉ်ပြိုင်ပြီး ကိုယ့်နိုင်ငံရေးလမ်းကြောင်းကို လှမ်းလျှောက်နေပါတယ်” ဟု ပြောကြားခဲ့သည်။

လာမည့် အထွေထွေရွေးကောက်ပွဲအပြီးတွင် သူနှင့် ဗိုလ်ချုပ်ကြီး Prawit Wongsuwonတို့သည် ညွန့်ပေါင်းမဟာမိတ်ဖက်များအဖြစ် အတူတကွ ပူးပေါင်းလုပ်ဆောင်မည်ဆိုသော မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။

သူ့အား မကြာမီသေးက စမွတ်ပရာကန်၌ National Institute of Development Administration ပြုလုပ်သော သဘောထားစစ်တမ်းတစ်ခုတွင် မဲဆန္ဒရှင်များကြား အနှစ်သက်ဆုံး ဝန်ကြီးချုပ်ရာထူးရရှိခဲ့ခြင်းအတွက် ကျေးဇူးတင် စကားပြောကြားခဲ့သည။

ထို့အပြင် Paetongtarn နှင့်သူမ၏ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်နေသော အိမ်ခြံမြေ သူဌေးကြီး Srettha Thavisn တို့သည် ပါတီ၏ ဝန်ကြီးချုပ်လောင်းများထဲတွင် ပါဝင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးနေကြပြီး ဖုထိုင်းပါတီမှ မနက်ဖြန် ဝန်ကြီးချုပ်လောင်း ၃ ဦးစလုံးကို တရားဝင်ကြေညာမည်ဖြစ်သည်။

ပါတီများမှ ဝင်ရောက်ယှဥ်ပြိုင်မည့်ကိုယ်စားလှယ်လောင်းများကို မှတ်ပုံတင်ခြင်းလုပ်ငန်းအား ယနေ့စတင်နေပြီဖြစ်သည်။

Source-Bangkok Post

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ