Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
UK Commons Speaker ပထမဆုံး အမျိုးသမီး ဥက္ကဌ Betty Boothroyd အသက် ၉၃နှစ်တွင်ကွယ်လွန်

UK Commons Speaker ပထမဆုံး အမျိုးသမီး ဥက္ကဌ Betty Boothroyd အသက် ၉၃နှစ်တွင်ကွယ်လွန်

ABN-နွယ်စိုး

ဗြိတိန်အောက်လွှတ်တော်၏ ပထမဆုံး အမျိုးသမီး ဥက္ကဌ အဖြစ်အနေဖြင့် ယခုအချိန်ထိ လုပ်ဆောင်နေသည့် Betty Boothrod သည် အသက် ၉၃ နှစ်တွင် ကွယ်လွန်သွားကြောင်း အောက်လွှတ်တော်၏ အာဏာပိုင်များက တနင်္လာနေ့က ပြောကြားခဲ့သည်။

၁၉၉၂ နှင့် ၂၀၀၀ ခုနှစ်များတွင် လွှတ်တော်၌ မကြာခဏ ဟာသများကို ပြောလေ့ရှိခဲ့သည့် ဥက္ကဌ Boothroyd သည် အင်္ဂလန်တောင်ပိုင်း Cambridge ရှိ ဆေးရုံတစ်ခုတွင် တနင်္ဂနွေနေ့က ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် Rish Sunk က Boothroyd သည် နိုင်ငံရေးနှင့်ပတ်သက်ပြီး သူမ၏ ဘဝတစ်ခုလုံးကို မြှုပ်နှံထားခဲ့သည့်အတွက်ကြောင့် ထူးခြားပြောင်မြောက်သည့် အမျိုးသမီးတစ်ဦး ဟုခေါ်ဆိုခဲ့သည်။

‘’နိုင်ငံရေးမှာ သူမယူဆောင်လာခဲ့တဲ့ စိတ်အားထက်သန်မှု၊ ဉာဏ်ပညာနဲ့ တရားမျှတမှုတွေကို မေ့ထားမှာ မဟုတ်ပါဘူး’’ ဟု ၄င်းကဆိုသည်။

Boothrod သည် အင်္ဂလန်မြောက်ပိုင်း ဒစ်စဘာရီတွင် မွေးဖွားခဲ့ပြီး နိုင်ငံရေးထဲမဝင်မီ Tiller Girls ဟု ခေါ်သည့် သံပြိုင်အကဖွဲ့တွင် အကသမားတစ်ယောက်အဖြစ်နှင့် အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်း သူမသည် လွှတ်တော်အမတ် အများအပြား၏ လက်အောက်ခံတစ်ဦးအဖြစ်လည်း အလုပ်လုပ်ခဲ့ကာ ၁၉၇၃ ခုနှစ်တွင် အောက်လွှတ်တော်မှ နိုင်ငံရေးပါတီအတွက် လွှတ်‌တော်သို့ ရွေးချယ်ခံခဲ့ရသည်။

၂၉နှစ်ကြာပြီးနောက် သူမသည် သမိုင်းတွင် နှစ်‌ပေါင်း ၇၀၀ အတွင်း လွှတ်တော်အမတ်များထံမှ ပထမဆုံး ရွေးချယ်တင်မြှောက်ခံရသည့်

အမျိုးသမီး ဥက္ကဌ ဖြစ်လာခဲ့သည်။

သူမသည် ပခုံးရှည် အဖြူရောင် ဆံပင်တုကို ဝတ်ဆင်သည့် ဓလေ့ကို ပယ်ချခဲ့ပြီး ယခင်က ဝတ်ဆင်ခဲ့သည် ဒူးရှည်ရှိသော စကတ်များ ကို နှစ်သက်ခဲ့သည်။

၁၉၉၇ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးချုပ်ဟောင်း Tony Balirက ‘’ကျွန်ုပ်တို့၏ နက်ရှိုင်းသော လေးစားမှုတို့ကို ရရှိထားပြီး ကြီးမားသည့် အာဏာပါဝါများနှင့် ဉာဏ်အမြော်အမြင်ဖြင့် ဥက္ကဠအဖြစ် ထမ်းဆောင်ခဲ့သည့် သူမသည် အမှန်တကယ် ထူးချွန်သည့် ဥက္ကဌ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဥက္ကဌ Lindsay Hoyleက Boothroyd သည် ‘စိတ်အားထက်သန်သော အမျိုးသမီးဖြစ်ကြောင်းနှင့် နိုင်ငံရေးတွင်လည်း စိတ်အားထက်သန်သော နိုင်ငံရေးသမားတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့သည်။

‘’သူမဟာ စည်းကမ်းတွေကို လိုက်နာတယ်၊ သူမမှာ လေးနက်တဲ့ ပုံစံရှိတယ်၊ ဒါပေမဲ့လည်း သူမက ဆိုဆုံးမတဲ့နေရာတွေမှာလည်း ရယ်စရာကောင်းသလို ကျက်သရေလည်း ရှိပါတယ်။ ပြီးတော့ Betty က ကြင်နာတတ်တဲ့ သူတစ်ယောက်ပါ။ ထက်မြတ်ပြီး ကြောက်မတ်ဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ဦးလည်းပြီး သူ့ကို ကျွန်တော်တို့ သတိရနေမှာပါ” ဟုပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ