Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Twitter က ငှက်ပြာလေးတံဆိပ်နေရာတွင် အဖြူရောင်ကြက်ခြေခတ်ပုံစံX နှင့် ပြောင်းလဲလိုက်သည့် Elon Musk

Twitter က ငှက်ပြာလေးတံဆိပ်နေရာတွင် အဖြူရောင်ကြက်ခြေခတ်ပုံစံX နှင့် ပြောင်းလဲလိုက်သည့် Elon Musk

ABN-နွယ်စိုး

ဇူလိုင်-၂၅ ရက်

ကမ္ဘာ့အချမ်းသာဆုံး သန်းထောင်ကြွယ်သူဌေး Elon Musk သည်၄င်း၏ လူမှုကွန်ရက်စာမျက်နှာဖြစ်သည့် တွစ်တာ Twitter ၏ အမှတ်တံဆိပ်ကို အပြာရောင် ငှက်ကလေးပုံစံကနေ အဖြူရောင် ကြက်ခြေခတ်ပုံစံ X အမှတ်အသား တံဆိပ်အဖြစ် တနင်္ဂနွေနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ပြောင်းလဲလိုက်သည်။

အနက်ရောင် နောက်ခံမှာ အဖြူရောင် X စာလုံးနှင့် လိုဂိုက တွစ်တာ၏ desktop version များတွင်ပြောင်းနေပြီဖြစ်၍ မိုဘိုင်း version များမှာလည်း မကြာမီလိုက်ပြောင်းလာပါလိမ့်မည်ဟု ပြောဆိုထားသည်။

ပြောင်းလဲလိုက်ပြီးနောက် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့က တွစ်တာရုံးချုပ်နံရံပေါ်တွင်လည်း မီးအလင်းတန်းနှင့်ထိုးထားသော Xအမှတ်တံဆိပ် အသစ်ကို ဆလိုက်မီးထိုးကာပြသခဲ့သည်။

ယခုထိ တွစ်တာလူမှုကွန်ရက်စာမျက်နှာမှာ အပြာရောင်ငှက်တံဆိပ် ရှိနေသေးသော်လည်း Elon Musk နှင့် တွစ်တာအမှုဆောင်အရာရှိချုပ် Linda Yaccarino တို့၏ စာမျက်နှာများပေါ်၌ X ကြက်ခြေခတ် တံဆိပ်လေးများပြောင်းသွားခဲ့သည်ကို တွေ့ရသည်။

Elon Musk အနေဖြင့်” တွစ်တာ အမှတ်တံဆိပ်ကိုပြောင်းချင်တယ်၊ သူစာမျက်နှာကို အပြာရောင် သုံးထားတာကနေ အမဲရောင်ကို ပြောင်းမယ်၊ ဘယ်လိုထင်ကြလဲလို့” ၄င်းစာမျက်နှာ၏ သန်းနဲ့ချီသည့် ပရိသတ်များကို မေးခဲ့သေးသည်။

ထို့အပြင် အီလွန်မာ့စ်အနေဖြင့် ဘက်စုံသုံးလို့ရမည့် X လို့ခေါ်သော စူပါအက်ပ် တစ်ခုထုတ်ပြီး ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသစ်တစ်ခု ဖွင့်မည်ဟု ပြီးခဲ့သည့် လများက ပြောကြားခဲ့သည်။

အဆိုပါအမျိုးစုံလုပ်နိုင်မည့် စူပါအက်ပ်တစ်ခု ဖွင့်မည်ဆိုသည့် ရည်ရွယ်ချက်မှာ အီလွန်မာ့စ်အနေနှင့်အာရှတွင် အောင်မြင်နေသည့် အိန္ဒိယ၏ PayTM နှင့်အင်ဒိုနီးရှား၏ GoJekများကို ကြည့်ပြီး စိတ်ကူးခြင်းလည်းဖြစ်နိုင်သည်ဟု တချို့ကဆိုသည်။

ထိုအက်ပ်များသည် သုံးစွဲသူများအနေဖြင့် လိုချင်သည့် ဝန်ဆောင်မှုကို ထိုအက်ပ်ကနေ ငွေပေးချေပြီး ရယူသုံးစွဲနိုင်ကြသည်။

၄င်းအပြင်X လိုဂိုပြောင်းလိုက်ရသည့် နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာ တရုတ်ပြည်က WeChat အပလီကေးရှင်းလို ငွေကြေး အပေးအယူနှင့် ရောင်းဝယ်ရေးများ၊ ဆက်သွယ်ရေးများပါ လုပ်ဆောင်လို့ရသည့် Super-app နည်းမျိုးစုံသုံး အပလီကေးရှင်းဖြစ်အောင် လုပ်ချင်သောနေသည့် ၄င်း၏ ဆန္ဒဖြစ်လည်းသည်။

Elon Musk သည်အာကာသထဲ ဂြိုဟ်တုများ လွှတ်တင်သည့် SpaceX ကုမ္ပဏီပိုင်ရှင် အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။

Ref-The New york Times

ထင်မြင်ယူဆချက်‌‌ပေးရန်