Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Pheu Thai ပါတီမှ ဝန်ကြီးချုပ်လောင်းတင်သွင်းမှုကို MFPပါတီမှ ထောက်ခံသွားမည်ဟုပြော

Pheu Thai ပါတီမှ ဝန်ကြီးချုပ်လောင်းတင်သွင်းမှုကို MFPပါတီမှ ထောက်ခံသွားမည်ဟုပြော

ABN-နွယ်စိုး

ဇူလိုင်၂၂ ရက်

ထိုင်းနိုင်ငံရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီက ခေါင်းဆောင် Pita Limjaroenrat ကို ဝန်ကြီးချုပ်တင်မြှောက်နိုင်ရန် မအောင်မမြင်ဖြစ်ခဲ့ပြီးနောက် မဟာမိတ် Pheu Thai ပါတီထဲက တယောက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းမှုကိုထောက်ခံသွားမည်ဟုMove forward Party ၏ အထွေထွေအတွင်းရေးမှူးChaitawat Tuathonက ယမန်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်

Move Forward ပါတီအနေနှင့် Mr. Pita ကို ဝန်ကြီးချုပ်အဖြစ် တင်သွင်းမှု မအောင်မြင်ခဲ့သော်လည်း ကျွန်တော်တို့၏ အရေးကြီးသည့် ရည်မှန်းချက် ပျောက်မသွားဟု ပြောကြားခဲ့သည်။

လက်ရှိအစိုးရအုပ်ချုပ်မှု အဆုံးသပ်သွားခြင်းကိုမြင်ချင်ကြသည့် ပြည်သူများ၏ ဆန္ဒနှင့်အညီ အစိုးရသစ်ဖွဲ့ဖို့က အဓိက ရည်မှန်းချက်ဖြစ်သည်ဟု Move Forward အထွေထွေ အတွင်းရေးမှူးက ပြောကြားသွားခဲ့သည်။

ဝန်ကြီးချုပ်သစ်အဖြစ် Pita ကို အဆိုပြုထားသော်လည်း အထက်လွှတ်တော်၌ မဲခွဲဆုံးဖြတ်ချိန် စစ်တပ်မှ ခန့်အပ်ထားသောအထက်လွှတ်တော်အမတ်များအပါအဝင် ကန့်ကွက်ခဲ့ကြသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်နေ့ကလည်း Pitaအနေနှင့် ဒုတိယအကြိမ်ဖြစ် ဝန်ကြီးချုပ်လောင်းနေရာ ထပ်မံမဲပေးရန်ပြင်ဆင်နေချိန်၌ အခြေခံဥပဒေခုံရုံးက ၄င်းသည် အိုင်တီဗီ မီဒီယာကုမ္ပဏီတွင် ရှယ်ယာများပိုင်ဆိုင်သည်ဆိုသော စွပ်စွဲချက်ကို ကြားနာရန် လက်ခံလိုက်သည့်အတွက် လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရသည်။

စစ်တပ်ကြီးစိုးထားသည့် အုပ်ချုပ်ရေးကို ငြီးငွေ့နေကြသည့် လူငယ်ထုနှင့် မြို့နေ လူတန်းစားအများစု ထောက်ခံမှုကို မေလရွေးကောက်ပွဲမှာ Move Forward ပါတီ က ထောက်ခံမှုအကြီးအကျယ်ရရှိခဲ့သည်။

ထို့အပြင် Pitaအနေဖြင့် ဘုရင်စနစ်နှင့်ပတ်သက်သော ဥပဒေပြင်ဆင်မည်ဟု ပြောကြားခဲ့သည့်အတွက် ဘုရင်စနစ်လိုလားသူများက ပါတီခေါင်းဆောင် Pita ဝန်ကြီးချုပ်ဖြစ်မည်ကို ကန့်ကွက်ခဲ့ကြသည်။

ဝန်ကြီးချုပ်လောင်း မဲပေးရွေးချယ်မှုကို လာမည့် ဇူလိုင်၂၇နေ့တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး Move forward Partyအနေဖြင့် ဝန်ကြီးချုပ် နေရာအတွက် အရွေးချယ်ခံတော့မည်မဟုတ်ဟုပြောကြားခဲ့၍ မဟာမိတ်ပါတီ Pheu Thai က တင်သွင်းလာသည့် မည်သည့်ဝန်ကြီးချုပ်လောင်းကို မဆို ထောက်ခံအားပေးသွားမည်ဖြစ်ကြောင်း Move forward Party အထွေထွေ အတွင်းရေးမှူး Chaitawat Tuathon က ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ