Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Nancy Pelisi အားပြန်ပေးဆွဲရန်နှင့် တိုက်ခိုက်ရန် ကြိုးပမ်းမှုကြောင့် တရားစွဲခံရသူ

အမေရိကန် နိုင်ငံရေးသမားဟောင်းတစ်ဦးအား တိုက်ခိုက်ရန်နှင့် ပြန်ပေးဆွဲရန် ကြိုးပမ်းမှုတို့ကြောင့် အမျိုးသားတစ်ဦးအား ပြည်နယ်တရားရုံးမှ တရားစွဲဆိုခဲ့သည်။

သောကြာနေ့မနက် အစောပိုင်း ဆန်ဖရန်စစ္စကိုရှိ ဇနီးမောင်နှံ၏ အိမ်သို့ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဖောက်ထွင်းဝင်ရောက်ကာ အသက် ၈၂ နှစ်ရှိပြီဖြစ်သော Paul Pelosi အား တူဖြင့် ရိုက်သတ်ခဲ့သည်။

ဒီမိုကရက်တစ် ထိပ်သီးခေါင်းဆောင် Nancy အား ဝင်ရောက်ရှာဖွေခဲ့ခြင်း ဖြစ်သည်။

သို့သော် အမေရိကန်၏ ဒတိယ သမ္မတ မစ္စ Pelosi သည် ယင်းအချိန်တွင် တခြားနယ်တစ်နယ်၌ ရောက်ရှိနေခဲသည့်အတွက် အိမ်တွင်ရှာမတွေ့ခဲ့ပေ။

အထောက်အထားများအား စုံစမ်းစစ်ဆေးနေဆဲဖြစ်သော်လည်း ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်လုပ်ဆောင်ခြင်းဟု ရဲက ပြောသည်။

တနင်္လာ နေ့တွင် ဖက်ဒရယ် ဥပဒေချိုးဖောက်မှုအမှုနှစ်ခု ရင်ဆိုင်နေရသည့် David DePepe ဆိုသူအား ပြည်နယ်တရားရုံးမှ သံသယရှိသူအဖြစ် တရားစွဲဆိုတားသည်။

ထိုအမှုများတွင် သူတို့၏တာဝန်များ အပ်ခံရမှုကြောင့် လက်တုန့်ပြန်သည့် အနေနဲ့ အမေရိကန် အရာရှိတစ်ဦး၏ မိသားစုဝင် တစ်ဦးအား ရိုက်နှက်မှု လည်း ပါဝင်နေသည်။

ထို့အပြင် မစ္စတာ Pelosi အား ပြစ်မှုကျူးလွန်ရန် ကြိုးပမ်းမှုကြောင့် ထောင်ဒဏ် နှစ် ၂၀ ကျခံရမည့် အမှုလည်း ပါဝင်နေသည်။

ဆန်ဖရန်စစ္စကိုခရိုင် ရှေ့နေ Brooke Jenkins ကလည်း သက်ကြီးရွယ်အို စော်ကားမှုဖြင့် ထိုသူအား တရားစွဲဆိုထားသည်။

တိုက်ခိုက်မှုသည် နိုင်ငံရေးအရ လှုံ့ဆော် တိုက်ခိုက်မှု ဖြစ်သဖြင့် တရားခံသည် အပြိုင်တရားစွဲဆိုမှုများကိုလည်း ခံရလိမ့်မည်ဟု ၎င်းကဆိုသည်။

တရားခံတွင် တိတ်ကပ်တစ်ခွေ၊ ကြိုးတစ်ချောင်း၊ နောက်ထပ်တူတစ်လက်၊ ဇစ်ပစ်ကြိုးများ ပါကြောင်း သူအဖမ်းခံရသည့်နေ့တွင် ၎င်း၏အိတ်မှ တွေ့ရှိရကြောင်း ဒေသတရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သူ့တွင် မစ္စတာ Pelosi ကို ဓားစာခံထားပြီး လိမ်ပြောပါက ခြေဆစ်များကိုချိုးပစ်ရန် အစီအစဥ်ရှိကြောင်း တရားရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကယ်၍ မစ္စ Pelosi ဒဏ်ရာရသွားခဲ့လျင် ကွန်ဂရက်စ်သို ဝှီးချဲလ် ဖြင့်သာတက်ရောက်ပြီး မိန်းခွန်းခြွေရလိမ့်မည်ဟု ၎င်းတရားခံက ရဲများကို ပြောခဲ့သည်။

ဝါရှင်တန်ဒီစီတွင်ရောက်နေသော အသက် ၈၂ နှစ်အရွယ် အဖွားအိုသည် ဦးခေါင်းနှင့် ခြေလက်တွင် ဒဏ်ရာရရှိပြီး ဆေးရုံတွင် ဆေးကုသမှုခံယူနေရသော သူမ၏ခင်ပွန်း အားတွေ့ရန် အမြန်ဆုံး ပြန်လာခဲ့ရသည်။

သူတို့မှာ ၁၉၆၃ ခုနှစ် ကတည်းက လက်ထပ်ခဲ့ကြသည့် ဇနီးမောင်နှံ ဖြစ်သည်။

သူမ၏ခင်ပွန်း ပြန်လည်သက်သာလာရန် ကြာအုံးမည်ဖြစ်ကြောင်း မစ္စတာ Pelosi ၏ တနင်္လာနေ့ထုတ်ပြန်ချက်တွင် ဖော်ပြရေးသားထားသည်။

အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ အဖြစ်လည်းကောင်း၊ ဝါရင့်နိုင်ငံရေးသမားဟောင်းများထဲမှ တစ်ဦးလည်း ဖြစ်သည့် မစ္စတာ Pelosi ကို တခြားသော တိုက်ခိုက်မှုများတွင်လည်း ထည့်သွင်းထားပြီး ပစ်မှတ်စာရင်းတွင်လည်း ထိပ်ဆုံးကထည့်သွင်းထားသည်ကို တွေ့ရှိရကြောင်း အမေရိကန် အခြေစိုက် BBC သတင်းဌာနခွဲ BCS ကို တရားရုံးက ပြောကြားလိုက်သည်။

တရားခံအား ဆန်ဖရန်စစ္စကို အကျည်းထောင်တွင် ထိမ်းသိမ်းထားပြီး ကြာသပတေးနေ့တွင် ရုံးထုတ်မည် ဖြစ်သည်။

သောကြာနေ့ ဒေသစံတော်ချိန် ၂နာရီ ၂၃ မိနစ်တွင် ရဲအရာများအား ထိုဇနီးမောင်နှံ၏ အိမ်သို့ ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်စေခဲ့သည်။

Pacific Heights ရပ်ကွက်မှ အိပ်ခန်း ၄ ခန်းပါ အိမ်တွင်းမှ မှတ်တမ်းမှတ်ရာများအရ တရားခံ သည်နောက်ဖေးတံခါးကို ဖျက်ပြီး အိမ်ထဲသို့ ဝင်ရောက်ခဲ့သည်ကို တွေ့ရှိခဲ့သည်။

မစ္စတာ Pelosi သည် သူတစ်ခါမှ မမြင်ဖူးသည့်သူ အိမ်ထဲသို့ဝင်လာချိန်တွင် သူ့အိပ်ခန်း၌ အိပ်မောကျနေခဲ့သည်ဟု ရဲအားပြောပြခဲ့သည်။

ထို့နောက် ကျူးကျော်သူအား သူအိမ်သာသွားမည်ဟု ပြောကာ ၉၁၁ သို့ ဖုန်းခေါ်ဆိုအကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ကျူးကျော်သူမှာ မစ္စတာ Pelosi အား တူဖြင့် ရိုက်နှက်ထားမှုကြောင့် Pelosi သတိမေ့လဲကျချိန်တွင် ရဲများရောက်လာ၍ ဖမ်းဆီးလိုက်ကြောင်း ဖြစ်သည်။

တိုက်ခိုက်မှုသည် ကွန်ဂရက်စ် လွှတ်တော်၏ ထိမ်းချုပ်မှုကို အဆုံးအဖြတ်ပေးမည့် နိုဝင်ဘာလ ၈ ရက် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ထိုသို့ အကြမ်းဖက်မှုများ နောက်ထပ်ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။

ထိုတိုက်ခိုက်မှုအပြီး နာရီပိုင်း အကြာတွင် အမေရိကန်အစိုးရသည် နိုင်ငံတစ်ဝှမ်း တရားဥပဒေ စိုးမိုးရေးဆိုင်ရာ စာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး ကိုယ်စားလှယ်လောင်းများနှင့် ရွေးကောက်ပွဲ လုပ်သားများအပေါ် ပြည်တွင်းအကြမ်းဖက်မှုများပြင်းထန်စွာခြိမ်းခြောက်မှုအပေါ် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

တရားခံ၏ အမည်ဖြင့် ဖွင့်ထားသည့် ဘလော့ဂ်၊ ဝဘ်ဆိုဒ် နှင့် ဆိုရှယ်မီဒီယာ အကောင့်များတွင် ဆီမိုက်မျိုးနွယ် ဆန့်ကျင်ရေး memesများ၊ Holocaust ဆန်ကျင်မှု ဝဘ်ဆိုဒ်များနှင့် QAnon ကဲ့သို့သော ပူးပေါင်းကြံစည်မှု သီအိုရီများ ပါရှိသည်ကို BBC မှ ရှာတွေ့ခဲ့သည်။

တိုက်ခိုက်မှုနှင့် ပတ်သတ်၍ အမှားအယွင်းပြောဆိုမှုများသည်လည်း အွန်လိုင်းတွင်ပျံနှံလျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ