Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Move Forward Party ပါတီခေါင်းဆောင် Pita Limjaroenrat အမတ်အဖြစ်က ဆိုင်းငံ့ခံရ

ABN-နွယ်စိုး

ဇူလိုင်-၁၉ ရက်

ပြီးခဲ့သည့် ထိုင်းနိုင်ငံ ရွေးကောက်ပွဲ၌ လူထုထောက်ခံမဲ အများစု အနိုင်ရထားသော Move Forward ပါတီ ခေါင်းဆောင် Pita Limjaroenrat ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက လွှတ်တော်အမတ် အဖြစ်ကနေ ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် ယာယီ ဆိုင်းငံ့လိုက်သည်ဟု သိရသည်။

ထို ဝန်ကြီးချုပ်လောင်း Pitaသည် ယနေ့ ဝန်ကြီးချုပ်သစ် နေရာအတွက် လွှတ်တော်၌ ဒုတိယအကြိမ် မဲခွဲ အဆုံးအဖြတ် ခံယူရန် ရှိနေချိန်၌ အမတ်အဖြစ်ကနေ ဆိုင်းငံ့ခံလိုက်ရသည်ဟု သိရသည်။

Pita အနေဖြင့် မီဒီယာ လုပ်ငန်းတခုတွင် အစုရှယ်ယာများ ပိုင်ဆိုင်ထားသည့်အတွက် ရွေးကောက်ပွဲ ဥပဒေများကို ချိုးဖောက်ရာ ရောက်သည့်အတွက် ပြီးခဲ့သည့်မေလ ၁၄ ရက် ရွေးကောက်ပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန်အရည်အချင်း ပြည့်မီသူ မဟုတ်ဟု ဆိုသည့် ရွေးကောက်ပွဲ ကော်မရှင်၏ တိုင်ကြားချက်ကို ဖွဲ့စည်းပုံတရားရုံးက လက်ခံခဲ့ပြီးနောက် ယခုလို အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်။

အဆိုပါအမိန့် ထွက်လာပြီးနောက် Pita ကို ထောက်ခံသူများ ဖွဲ့စည်းပုံတရားရုံးရှေ့၌ မကျေမနပ် ဆန္ဒပြခဲ့၍ လူထု အများစု ထောက်ခံမှု ရထားသည့် Pita ကို လွှတ်တော်အမတ် အဖြစ်ကနေ ရပ်ဆိုင်းသောတရားရုံး၏ ဆုံးဖြတ်ချက်ကို “ဘယ်လိုနည်းနှင့်မှ လက်မခံနိုင်ကြောင်း” ဆန္ဒပြသူများ ပြောကြားခဲ့သည်။

အသက် ၄၂ နှစ်အရွယ် Pita ၏ Move Forward ပါတီသည် ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲတွင် မဲအများစုနှင့် အနိုင်ရခဲ့ ပြီးနောက် ၄င်းကို ဝန်ကြီးချုပ်သစ် နေရာအတွက် ရွေးချယ်ရန် ပြီးခဲ့သည့် ဇူလိုင်လ ၁၃ ရက်နေ့က လွတ်တော်အတွင်း ပထမအကြိမ် မဲခွဲခဲ့ကြချိန်တွင် လုံလောက်သည့်ထောက်ခံမဲ မရ ရှိခဲ့သည်အတွက် ထိုကြောင့် ယနေ့ ဒုတိယအကြိမ် လွှတ်တော်၌ ထပ်မံ အရွေးခံဖို့ ရှိနေသည်ဟု သိရသည်။

ဒုတိယအကြိမ် မဲခွဲမှု၌ ထပ်မံ ရှုံးနိမ့်မည်ဆိုလျှင်မဟာမိတ်ပါတီတခုဖြစ်သည့် The Pheu Thai ပါတီကို အစိုးရဖွဲ့စေရန် အလှည့်ပေးမည်ဟု Pita က ပြောကြားခဲ့သည်။

Source-Reuters

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ