Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Move Forward ပါတီ ခေါင်းဆောင် Pitaနေရာတွင် ယာယီခေါင်းဆောင်အသစ်ခန့်အပ်

Move Forward ပါတီ ခေါင်းဆောင် Pitaနေရာတွင် ယာယီခေါင်းဆောင်အသစ်ခန့်အပ်

ABN-နွယ်စိုး

စက်တင်ဘာ ၂၄ ရက်

ထိုင်းနိုင်ငံ၌ ရွေးကောက်ပွဲ အနိုင်ရ Move Forward ပါတီ၏ ခေါင်းဆောင်Pitaနေရာမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ခေါင်းဆောင်အသစ် ခန့်အပ်ခဲ့ကြောင်းBangkok Postတွင်ဖော်ပြထားသည်။

ပါတီ၏ ခေါင်းဆောင်ဟောင်း Pita Limjaroenrat နှုတ်ထွက်ခဲ့ပြီးနောက် ယခင်က MFPပါတီ၌ အတွင်းရေးမှူးချုပ်အဖြစ်တာဝန်ယူခဲ့သည့်အသက် ၄၄ နှစ်အရွယ် Chaithawat Tulathon ကို ခေါင်းဆောင်သစ်အဖြစ် ယာယီရွေးချယ်လိုက်ခြင်းဖြစ်သည်။

ခေါင်းဆောင်ဟောင်း Pitaကို ဝန်ကြီးချုပ် မဖြစ်စေလိုသဖြင့် လွှတ်တော်ထဲ၌ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်ရာတွင် စစ်တပ်မှခန့်အပ်ထားသည့်အမတ်များနှင့် Conservative လွှတ်တော်အမတ်တို့က ကန့်ကွက်ခဲ့ကြပြီး ရုပ်မြင်သံကြားထုတ်လုပ်ရေးလုပ်ငန်းတခုမှာလည်း ၄င်း၏အစုရှယ်ယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ Pita ကို အခြေခံဥပဒေခုံရုံးမှ လွှတ်တော်အမတ်အဖြစ်ကနေ ယာယီဆိုင်းငံခဲ့သည်။

အခြေခံဥပဒေခုံရုံးက Pitaအား လွှတ်တော်အမတ်နေရာကနေ ယာယီဆိုင်းငံ့လိုက်ခြင်းကြောင့် ပါတီခေါင်းဆောင်နေရာကနေ စက်တင်ဘာလ ၁၅ ရက်နေ့က နှုတ်ထွက်ခဲ့သည်။

ဥပဒေကြောင်းအရ Pita အနေနှင့် လက်ရှိမှာအတိုက်အခံခေါင်းဆောင်အနေနှင့်ပါ လွှတ်တော်အမတ်တာဝန်ကိုပါ တာဝန်ယူလို့ မရချိန်ဖြစ်နေသည့်အတွက် ပါတီ၏ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူခြင်းဖြစ်သည်ဟု Chaithawat ကသတင်းထောက်များကို စနေနေ့က ပြောကြားခဲ့သည်။

ခေါင်းဆောင်းဟောင်းPitaကိုလည်းပါတီ၏ မူဝါဒများကို လွှတ်တော်ပြင်ပကနေ တွန်အားပေးမည့် ပါတီ၏ အကြံပေး ဥက္ကဌအဖြစ် ခန့်အပ်ထားကြောင့် Chaithawatကပြောကြားခဲ့သည်။

လွှတ်တော်၌ Pita အားလွှတ်တော်အမတ်တာဝန်ကို ပြန်ထမ်းဆောင်နိုင်သည့်အချိန် သူဆင်းပေးမည်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ