သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Move Forward ပါတီခေါင်းဆောင်Pita ရာထူးကနေ နှုတ်ထွက်

Move Forward ပါတီခေါင်းဆောင်Pita ရာထူးကနေ နှုတ်ထွက်

ABN-နွယ်စိုး

စက်တင်ဘာ ၁၅ ရက်

ပြီးခဲ့သည့် မေလအတွင်းက ထိုင်းရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့သည့် Move Forward ပါတီ ခေါင်းဆောင်း Pita Limjaroenratသည် ယနေ့တွင် ပါတီ၏ ခေါင်းဆောင် ရာထူးကနေ နှုတ်ထွက်လိုက်သည်ဟု ၄င်း၏ လူမှုကွန်ယက်စာမျက်နှာကနေ့ အသိပေးလိုက်ကြောင်း CNAသတင်းဌာနတွင်ဖော်ပြထားသည်။

Pitaအနေဖြင့် ရွေးကောက်ပွဲအတွင်း အနိုင်ရရှိခဲ့သော်လည်း ဇူလိုင်လက ဝန်ကြီးချုပ်ရာထူးရွေးချယ်ရာတွင် မီဒီယာကုမ္ပဏီတစ်ခု၌ ၎င်း၏ အစုရှယ်ယာပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက လွှတ်တော်အမတ်အဖြစ် ဆိုင်းငံ့ခဲ့သည်။

အခြေခံဥပဒေခုံရုံးက Pitaအား လွှတ်တော်အမတ်နေရာကနေ ယာယီဆိုင်းငံ့လိုက်ခြင်းကြောင့် ယခုလိုဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ၄င်းက ပြောကြားခဲ့သည်။

“ကျွန်တော်ရဲ့ ပါလီမန်အမတ်ရာထူးကို ဆိုင်းငံ့ထားတာကြောင့် မကြာမီကာလအတွင်းမှာ လွှတ်တော်အမတ်ရာထူးနဲ့ အတိုက်အခံခေါင်းဆောင် ဖြစ်လာနိုင်တော့မှာ မဟုတ်ပါဘူး” ဟု Pita က ရေးသားထားသည်။

Pheu Thai ပါတီကဦးဆောင်ပြီး အစိုးရဖွဲ့ခဲ့ပြီးနောက် MFPပါတီသည် ထိုင်းနိုင်ငံရေးမှာ အဓိက အတိုက်အခံပါတီဖြစ်လာခဲ့သည်။

ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေအရ လွှတ်တော်အမတ်များသည် မီဒီယာရှယ်ယာများ ပိုင်ဆိုင်ခွင့်ကို တားမြစ်ထားသည်။

Pita၏ နေရာတွင် ပါတီအတွင်းလွှတ်တော်အမတ်တဦးကိုရွေးကောက်ပြီး အတိုက်အခံပါတီခေါင်းဆောင်အဖြစ် ရွေးချယ်မည်ဖြစ်သည်။

Pitaအနေဖြင့် ပါတီခေါင်းဆောင်နေရာက အနားယူလိုက်ပေမယ့်လည်း နိုင်ငံရေးကနေ ပျောက်ကွယ်သွားမည်မဟုတ်ပဲ ပါတီတွင်းလှုပ်ရှားမှုများအပြင် မိတ်ဖက်ပါတီများနှင့်ပါ လက်တွဲပြီးနိုင်ငံ့အရေး ပါဝင်သွားဦးမည်ဟု ပြောဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ