Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Mochaသည် ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနမှကြေညာ

Mochaသည် ပြင်းထန်သော ဆိုင်ကလုန်း မုန်တိုင်းအဖြစ်သို့ ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း အိန္ဒိယ မိုးလေဝသဌာနမှကြေညာ

ABN-ရှိုင်းမိုး

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် လက်ရှိဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၆ ရက်နေ့တွင် အားကောင်းလာနိုင်ပြီး နောက် ၄၈ နာရီအတွင်းတွင်၊ ထိုင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု အိန္ဒိယမိုးလေဝသဌာန (IMD) မှ ထုတ်ပြန်ထားသည်။

ထိုဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၈ ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းအတွင်းသို့ မုန်တိုင်းငယ်အဖြစ် ရောက်ရှိနိုင်သည်ဟု IMD၏ နောက်ဆုံးသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာပြီး ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် မြောက်ဘက်သို့ ရွေ့လျားနိုင်ကာ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်မည်ဟုသိရသည်။

“တချို့ မုန်တိုင်းတွေက ဆိုင်ကလုန်းမုန်တိုင်းဖြစ်ဖို့ ပြောင်းလဲနိုင်ခြေရှိနေနေပါတယ်” ဟု IMD ၏ မိုးလေဝသညွှန်ကြားရေးမှူးချုပ် Mrutyunjay Mohapatra က ပြောသည်။

Odisha ပြည်နယ်ဝန်ကြီးချုပ် Naveen Patnaik သည် ယမန်နေ့က ဆိုင်ကလုန်းမုန်တိုင်းအား ကိုင်တွယ်ဖြေရှင်းရန် ပြည်နယ်၏ ကြိုတင်ပြင်ဆင်မှုများကို ပြန်လည်သုံးသပ်ရန် အဆင့်မြင့်အစည်းအဝေးကို ပြုလုပ်ခဲ့သည်။

ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင်လေဖိအားများဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းလာနိုင်ကာ မုန်တိုင်းငယ်အဖြစ်သို့ ပြောင်းလဲရောက်ရှိနိုင်သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်မှ တိမ်ထူထပ်နိုင်သည်ဟု မြန်မာနိုင်ငံမိုးဇလမှ ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
ဟောင်ကောင်တွင် အင်အားပြင်း တိုင်ဖွန် မုန်တိုင်း ၃ လုံး တိုက်ခတ်နိုင်ဖွယ်ရှိသောကြောင့် ရာချီသည့် လေကြောင်းခရီစဥ်များကို ဖျက်သိမ်းလိုက်ရပြီး၊ ကျောင်းများ၊ စျေးများ၊ နှင့် စီးပွားလုပ်ငန်းများကိုပါ ရပ်နားထားရ