Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Metaက အခပေးစိစစ်ခြင်း ဝန်ဆောင်မှုကို စတင်တော့မည်

Metaက အခပေးစိစစ်ခြင်း ဝန်ဆောင်မှုကို စတင်တော့မည်

ABN – သူရမောင်

Facebookနှင့် Instagram အသုံးပြုသူများအနေဖြင့် နှောင်းပိုင်းတွင် ဝန်ဆောင်မှုများကို အခပေး၍သာ သုံးရတော့မည်ကို Metaက စီစဉ်နေပြီဖြစ်ကြောင်း မတ်ခ် ဇူဂါဘတ်ဂ်က တနင်္ဂနွေနေ့က Instagramတွင်‌ ကြေညာခဲ့သည်။

“Meta Verified”ကို ဝက်ဘ်ပေါ်တွင် တစ်လလျှင် ၁၁ ဒသမ ၉၉ ဒေါ်လာ၊ iOSပေါ်တွင် ၁၄ ဒသမ ၉၉ ဒေါ်လာအသီးသီးတိုဖြင့် စတင်သွားတော့မှာဖြစ်ပြီး၊ Meta အနေဖြင့် ဩစတေးလျနှင့် နယူးဇီလန်နိုင်ငံတို့တွင် တစ်ပတ်အတွင်း စတင်တော့မည်ဖြစ်သည့်အပြင် နောက်ထပ်နိုင်ငံအများအပြားကိုလည်း ဝင်ရောက်ထိုးဖော်မည်ဖြစ်သည်။

ဝန်ဆောင်မှုပိုင်းတွင်လည်း အကောင့်အတုလုပ်ခြင်းမှ ကာကွယ်ပေးခြင်း၊ သုံးစွဲသူများကိုလည်း တိုက်ရိုက်ဝန်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

အကောင့်အတုများကို ရှောင်ရှားရန်အတွက် Blue Badge သုံးစွဲလိုသူများမှာ ပရိုဖိုင်အမည်နှင့် ဓာတ်ပုံ ပူးတွဲပါရှိသည့် အစိုးရတရားဝင် အိုင်ဒီကဒ်ကို လိုအပ်ပေသည်။ သုံးစွဲသူများမှာလည်း အသက် ၁၈ နှစ်နှင့်အထက်ဖြစ်ရမည်။

“ဒီလုပ်ငန်းသစ်က ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုမှာ အမှန်တရားနှင့် လုံခြုံရေးတိုးမြင့်လာတော့မှာပါ” ဟု Instagramအသံလွှင့် ချန်နယ်လ်တွင် ရေးသားခဲ့သည်။

ထုတ်ပြန်ချက်တွင် Metaအနေဖြင့် ယခင်ကစိစစ်ထားပြီးဖြစ်သည့် အကောင့်များကို ပြောင်းလဲမည်မဟုတ်ကြောင်း၊ စိစစ်ခြင်းမှာ ယခင်ကပင် ပိုင်ရှင်စစ်မှန်ကြောင်း အသိအမှတ်ပြုထားသည့် သုံးစွဲသူများအတွက်သာဖြစ်ကြောင်း ဖော်ပြထားသည်။

“မှန်ကန်မှုအပေါ် အာရုံစူးစိုက်ဖို့အတွက် Blue Badgeရဲ့ ဆိုလိုရင်းကို ဆင့်ကဲပြောင်းလဲနေပါပြီ။ ပြီးတော့ လူအများကြိးကိုလည်း စိစစ်ခြင်းအခွင့်အလမ်းတွေကို ချပြပေးနိုင်ပါတယ်။ နာမည်တူအကောင့်တွေထဲမှနေပြီးတော့ ဘယ်အကောင့်က လူထုအသိအမှတ်ပြုထားသလဲဆိုတာကို လူထုက ခွဲခြားသိနိုင်ဖို့အတွက် ကျွန်တော်တို့က နေရာတော်တော်များများမှာ ဖော်လိုဝါ အရေအတွက်ကို ဖော်ပြပေးသွားဦးမှာဖြစ်ပါတယ်” ဟု Metaပြောရေးဆိုခွင့်ရှိသူက‌ ပြောသည်။

Metaသည် အခြားသော ထောက်ခံမှုအခြေခံ ပလက်ဖောင်းများဖြစ်သည့် Discord၊ Redditနှင့် YouTubeတိုနှင့်လည်း ဆက်သွယ်ထားသေးသည်။

တွယ်တာကလည်း စိစစ်ခြင်းအကောင့်အတုများကို ထုတ်ပယ်ရန် ဖိအားပေးခံခဲ့ရပြီးနောက် သူ၏ကိုယ်ပိုင်အတည်ပြု စာရင်းသွင်းခြင်း ဝန်ဆောင်မှုဖြစ်သည့် Twitter Blueကို ဒီဇင်ဘာလတွင် ပြန်လည်ပြုပြင်ခဲ့သည်။

လက်ရှိ အမှတ်အသားရွေးချယ် စစ်ဆေးခြင်းသည် အကောင့်များအကြား ချိတ်ဆက်ရန် ကုမ္ပဏီများအတွက် ရွှေးချယ်စစ်ဆေးမှုများ၊ အစိုးရအဖွဲနှင့် အခြားအဖွဲအစည်းများအတွက် မီးခိုးရောင် စစ်ဆေးမှုများနှင့် သူတိုအနေဖြင့် လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ တစ်ဦးချင်းအတွက် အပြာရော စစ်ဆေးခြင်းစသည့် အရောင်မျိုးစုံ ရှိနေသည်။

Twitter Blueမှာ iOSနှင့် Android Subscribersအတွက် ‌တစ်လလျှင် ၁၁ ဒေါ်လာကုန်ကျပြီး ပလက်ဖောင်းကို ဒေါ်လာ ၄၄ ကု‌ဋေဖြင့် စီးပွားရေးမြှင့်တင်ရန်အတွက် Elon Musk၏ ကြိုးပမ်းမှု အစိတ်အပိုင်းတစ်ခုဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ