သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
KNDO ထံ စစ်ကော်မရှင်တပ်၏ ပြည်သူ့စစ် ၇ ဦး လက်နက်ချ အလင်းဝင်

AB News – ဇန်နဝါရီ ၂၂ ၊ ၂၀၂၆

ကရင်ပြည်နယ်၊ လယ်ဒိုမြို့နယ်အတွင်းရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ထံသို့ စစ်ကော်မရှင်တပ်မှ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ တပ်သား ၇ ဦး လက်နက်ချ အလင်းဝင်ခဲ့ကြောင်း ယမန်နေ့ တွင် KNUက ထုတ်ပြန်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၈ နေ့ တွင် လယ်ဒိုမြို့နယ်၊ တုံးတံတား ခလရ-၅၃ တပ်ရင်းမှ တပ်မဟာ ၃ လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးပ်ဖွဲ့ (KNDO) တပ်ရင်း ၃ ထံသို့ လက်နက်ချ အလင်းဝင်လာခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်ထံမှ လက်နက်ချ အလင်းဝင်လာသူများမှာ မောင်သီဟ ၁၉ နှစ်၊ မောင်ဆက်နိုင် ၂၈ နှစ် ၊ မောင်မြင့်တင် ၂၈ နှစ်၊ မောင်အောင်တင် ၃၅ နှစ်၊ မောင်တင်အောင်မိုး ၃၀ နှစ်၊ မောင်သိန်းဇော်ဝင်း ၂၆ နှစ်နှင့် မောင်နေမျိုးဦး ၂၉ နှစ် တို့ဖြစ်သည်။

၎င်းတို့သည် မိမိဆန္ဒမပါဘဲ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများဖြစ်ကြပြီး လက်ရှိတွင် ၎င်းတို့အား ကရင်အမျိုးသားအစည်းအရုံးမှ ကောင်းမွန်စွာ ထိမ်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကော်မရှင်တပ်အတွင်းရှိ အတင်းအဓမ္မ စစ်မှုထမ်း စေခိုင်းခံရသူများအနေဖြင့် မိမိတို့နှင့် နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင် ရောက်လာကြရန် ကရင်အမျိုးသားအစည်းအရုံးမှ တိုက်တွန်းအသိပေးအပ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ