Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Denver အထက်တန်းကျောင်းတွင် ကျောင်းအုပ်ချုပ်သူ ၂ ယောက်ကို ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်

Denver အထက်တန်းကျောင်းတွင် ကျောင်းအုပ်ချုပ်သူ ၂ ယောက်ကို ကျောင်းသားတစ်ဦးက သေနတ်ဖြင့်ပစ်

ABN-ရှိုင်းမိုး

Denver အထက်တန်းကျောင်းရှိ အသက် ၁၇နှစ်အရွယ် ‌ကျောင်းသားတစ်ဦးက ကျောင်းအုပ်ချုပ်သူနှစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဟုသိရသည်။

ပစ်ခတ်ခဲ့သောကျောင်းသားမှာ အသက် ၁၇နှစ်အရွယ် Austin Lyle ဖြစ်ပြီး Denverကျောင်းမှ High School ကျောင်းသားတစ်ဦးဖြစ်သည်။

ထိုကျောင်းသားသည် ထိုကျောင်း၏ အုပ်ချုပ်သူ ၂ဦးကို ပစ်ခတ်ပြီးသောအခါ သူ၏ကားနှင့်ထွက်ပြေးသွားခဲ့ပြီး၊ ဒန်ဗာမြို့ အနောက်တောင်ဘက် မိုင် ၅၀ (ကီလိုမီတာ ၈၀) အကွာရှိ ဝေးလံခေါင်သီသော တောင်တန်းတွင် သူ့၏ကားကို တွေ့ရှိခဲ့သည်ဟုသိရသည်။

“ကျွန်ုပ်တို့သိရှိထားသည့်အတိုင်း သူသည် ပြစ်မှုကျူးလွန်ခဲ့သည်မှာ ထင်ရှားခဲ့သည်” ဟု Denver မြို့တော်ဝန် Michael Hancock က ပြောကြားခဲ့ပြီးလက်ရှိတွင် ထိုကျောင်းသားကို ရဲတပ်ဖွဲ့က ရှာဖွေနေသည်။

ထိုပစ်ခတ်မှုသည် နံနက် ၁၀နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး၊ ထိုမှုခင်းနှင့်ပတ်သက်၍ Lyle ကို စစ်ဆေးမေးမြန်းရာလိုအပ်သည်ဟု တာဝန်ရှိသူများကပြောကြားခဲ့သည်။

ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ သေနတ်ကို ရယူနိုင်ခြင်း မရှိသေးကြောင်း Denver ရဲချုပ် Ron Thomas က ပြောသည်။

ဒဏ်ရာရရှိသူ အုပ်ချုပ်သူများထဲမှ တစ်ဦးသည် မတ်လ ၂၂ရက်နေ့ မွန်းလွှဲပိုင်းတွင် ဆေးရုံမှ ဆင်းခဲ့ပြီး ဒုတိယတစ်ဦးမှာ ပြင်းထန်သော အခြေအနေတွင် ရှိနေကြောင်း Denver Health ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ Heather Burke က ပြောကြားခဲ့သည်။

ဗုဒ္ဓဟူးနေ့က ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် ယခုစာသင်နှစ်ကုန်သည်အထိ အရှေ့အထက်တန်းကျောင်းတွင် လက်နက်ကိုင်အရာရှိနှစ်ဦးကို လုံခြုံရေးအဖြစ် ခန့်အပ်မည်ဖြစ်ပြီး အခြားမြို့များရှိ အထက်တန်းကျောင်းများတွင်လည်း အရာရှိတစ်ဦးစီ လုံခြုံးရေး ခန့်အပ်မည်ဟု Denver အစိုးရကျောင်းအုပ်ကြီး Alex Marrero က ပြောကြားခဲ့သည်။

မြို့တော်၏ပညာရေးဘုတ်အဖွဲ့သို့ ဗုဒ္ဓဟူးနေ့ကရောက်ရှိသော စာတစ်စောင်တွင် Marrero ကသူ၏ဆုံးဖြတ်ချက်သည်ခရိုင်၏မူဝါဒများကိုချိုးဖောက်သော်လည်း လိုအပ်ချက်ကြောင့် လုပ်သည်ဟု တုံ့ပြန်ခဲ့သည်။ ” အခုလို မလိုလားအပ်သော ပြဿနာတွေဖြစ်နေတာကို ကြည့်​မနေနိုင် ကြောင်း” ပြောကြားခဲ့သည်။

၂၀၀၀ မှ ၂၀၂၂ ခုနှစ်အတွင်း ပစ်ခတ်မှုပေါင်း 1,300 ကျော်၊ အမေရိကန် စာသင်ကျောင်းများတွင် သေနတ်ဖြင့် အကြမ်းဖက်မှုသည် ပိုများလာကြောင်း အစိုးရ သုတေသီများထံမှ သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၃၇၇ ဦး သေဆုံးပြီး ၁,၀၂၅ ဦး ဒဏ်ရာရခဲ့ကြောင်း သုတေသီများ ထိန်းသိမ်းထားသည့် ဒေတာဘေ့စ်တစ်ခုအရ သိရသည်။

Lyle သည် ပြီးခဲ့သည် စာသင်နှစ်တွင်လည်း Aurora အထက်တန်းကျောင်းမှ သတ်မှတ်ထားသော ကျောင်းစည်းကမ်းများနှင့် ကျောင်းမူဝါဒများကို ချိုးဖောက်မှုကြောင့် ထိုကျောင်းမှ ဖယ်ရှားခံရပြီး အခုမှုခင်းဖြစ်ပွားတဲ့အရှေ့အထက်တန်းကျောင်းသို့ ပြောင်းရွှေ့ခံခဲ့ရကြောင်း Cherry Creek School District ပြောရေးဆိုခွင့်ရှိသူ Lauren Snell က ပြောကြားခဲ့သည်။

ထိုကျောင်းသားကို ရှာဖွေနေသော်လည်း သူနှင့်ပတ်သတ်၍ အသေးစိတ်အချက်လက်ကို မသိရသေးဟုသိရသည်။

“သေနတ်ကိုင်တဲ့ကလေးရဲ့ဟာ သူရဲ့နောက်ကြောင်းရာဇဝင်မရှိရင် သူတို့ဒီလိုလုပ်မယ်လို့ မထင်ဘူး” ဟု Crepeau-Hobson ကပြောသည်။

ဘေးကင်းရေးအစီအစဥ်များသည် ကျောင်းသားတစ်ဦးထံမှ ခြိမ်းခြောက်ခြင်း သို့မဟုတ် သတ်သေခြင်းအပြုအမူများကို လိုက်နာလေ့ရှိသည်ဟု Colorado School Safety Resource Center မှ Christine Harms က ပြောကြားခဲ့သည်။

Source-AP

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ