Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
CNAမှ ကင်မရာမန်း ရုပ်သံသတင်းထောက် Khairul ဆိုင်ကယ်မတော်တဆဖြစ်၍ သေဆုံး

ABN-နွယ်စိုး

ဇွန်-၅ ရက်

CNAမှ အသက် ၄၅ နှစ်အရွယ် ကင်မရာမန်း ရုပ်သံသတင်းထောက် Khairul Zainuddin သည် ဇွန်လ ၄ရက်နေ့က နံနက်ပိုင်းတွင် မလေးရှားနိုင်ငံ အဝေးပြေးလမ်းမပေါ်၌ ဆိုင်ကယ် မတော်တဆဖြစ်ပွားခဲ့ကာ သေဆုံးခဲ့ကြောင်း New Straits Times သတင်းတွင်ဖော်ပြထားသည်။

အဆိုပါ Khairul သည် ၄င်း၏ဇနီးကို လေဆိပ်မှ သွားကြို၍ အပြန်တွင် မောင်တော်ဆိုင်ကယ် အားထိန်းချူပ်မှု ပြတ်တောက်သွားခဲ့၍ လမ်းကွေ့တစ်ခုအတွင်းသို့ ဝင်သွားမိကာ အသက် ၄၆နှစ်အရွယ်ရှိသူ ၁ ဦး စီးနင်းလာသော ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ခဲ့ကြောင်း မလေးရှား ခရိုင်ရဲမှူးက ပြောကြားခဲ့သည်။

Khairul၏ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အခင်းဖြစ်ပွားသည့်နေရာတွင်ပင် သေဆုံးခဲ့၍ အခြားဆိုင်ကယ်မောင်းလာသူမှာ ဒဏ်ရာအနည်းငယ်ရရှိသွားခဲ့ကြောင်း သိရသည်။

Khairulသေဆုံးခြင်းနှင့်ပတ်သက်၍ CNA၏ မလေးရှားသတင်းထောက် Afifah က “သူကျွန်တော်တို့ကို အသစ်အဆန်းတွေ သင်ပေးတယ်၊လူတိုင်းကို ဂရုစိုက်တတ်တယ်၊ သူဆီကနေ အများကြီး သင်ယူခဲ့ပါတယ်၊ သူကကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး ကြင်နာတတ်သူတစ်ဦးလည်း ဖြစ်ပါတယ်” ဟု ပြောသည်။

၄င်းအပြင် Khairulသည် ရုပ်သံတည်းဖြတ်သူတစ်ဦးလည်းဖြစ်ပြီး 2022World Media Festivalsတွင် ဂုဏ်ထူးဆောင်ဆုကို ရရှိခဲ့သည်။

Khairulသေဆုံးခြင်းနှင့်ပတ်သက်၍ မလေးရှားဆက်သွယ်ရေး နှင့် ဒီဂျစ်တယ် ဝန်ကြီး Fahmi Fadzilက Khairul ၏ မိသားစုထံသို့ သူတို့နဖျင့်ထပ်တာ တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ