Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
BRICS အဖွဲ့ဝင်နိုင်ငံများ စီးပွားရေးတိုးတက်မှု ၅ နှစ်အတွင်း ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ပြီး G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားနိုင်မည်ဟု ယူဆရ

BRICS အဖွဲ့ဝင်နိုင်ငံများ စီးပွားရေးတိုးတက်မှု ၅ နှစ်အတွင်း ၃၅ ရာခိုင်နှုန်းအထိ တိုးမြှင့်လာနိုင်ပြီး G7 အဖွဲ့ဝင်နိုင်ငံများကို ကျော်တက်သွားနိုင်မည်ဟု ယူဆရ

ABN-ဧပြီ ၂၁ ရက်

မကြာသေးမီက Bloomberg မှ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်စောင်တွင် BRICS အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် G7 အဖွဲ့ဝင်နိုင်ငံများထက် သာလွန်သွားနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် IMF ၏ ခန့်မှန်းချက်အရ လာမည့် ငါးနှစ်အတွင်း တရုတ်သည် ကမ္ဘာ့ဖွံ့ဖြိုးမှု ထိပ်တန်းနိုင်ငံဖြစ်လာနိုင်သည် ဆိုသည့် မျှော်မှန်းချက်ကြောင့် BRICS အဖွဲ့ဝင်နိုင်ငံများ၏ ဖွံ့ဖြိုးမှုမှာ ၂၀၂၈ တွင် ၃၅ ရာခိုင်နှုန်းနီးပါး တိုးတက်လာနိုင်ဖွယ်ရှိသည် ဟု ခန့်မှန်းထားသည်။

BRICS စုပေါင်းအဖွဲ့ ကို အဖွဲ့ဝင် ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ ၄င်းအပြင် အမေရိကန်၊ ယူကေ၊ ပြင်သစ်၊ ကနေဒါ၊ ဂျာမနီ၊ အီတလီ နှင့် ဂျပန် နိုင်ငံတို့ဖြင့် ဖွဲ့စည်းထားသော G7 အဖွဲ့ဝင်နိုင်ငံများ၏ GDP (General Domestic Product) ထက် ကျော်လွန်ပြီးသားလည်း ဖြစ်သည်။

⬜ BRICS နိုင်ငံများမှာ ၂၀၂၈ ခုနှစ်မတိုင်ခင် စီးပွားရေးအရ လွမ်းမိုးနိုင်ရန် ကြိုးပမ်းနေ

BRICS အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးအရ လွမ်းမိုးမှုများ များပြားလာခြင်းနှင့် စဥ်းလျဥ်း၍ သတင်းခေါင်းစီးအများအပြားကို ယခုနှစ်အတွင်း လိုသည်ထက်ပို၍ မြင်တွေ့နေရသည်။ ထို့အပြင် Bloomberg မှ ထုတ်ပြန်လိုက်သော အစီရင်ခံစာတစ်စောင်တွင် ထို BRICS နိုင်ငံများစုပေါင်းအဖွဲ့မှာ စီးပွားရေးအရ တိုးတက်လာမည်ဖြစ်ပြီး လာမည့်နှစ်များတွင် ကမ္ဘာ့ပါဝါ ချိန်ခွင်အဖြစ်သို့ ပြောင်းလဲသွားနိုင်ကြောင်း ခန့်မှန်းထားသည်။

တိတိကျကျပြောရပါက ထိုအစီရင်ခံစာတွင် BRICS အဖွဲ့ဝင်နိုင်ငံများသည် စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် G7နိုင်ငံများထက် သာလွန်သွားမည်ဟု ခန့်မှန်းထားပြီး ၂၀၂၈ မတိုင်မီ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ထိပ်တန်းနိုင်ငံဖြစ်လာနိုင်ကာ စီးပွားရေးကဏ္ဍတွင် တခြားနိုင်ငံများကို ဦးဆောင်သွားနိုင်ဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။

BRICS အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းထုတ်လုပ်မှု တိုးချဲ့ခြင်း ပမာဏမှာ ၂၀၂၈ တွင် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ၂၂.၆ ရာခိုင်နှုန်းကို ကိုယ်စားပြုနိုင်မည် ဟု ဆိုထားသည်။ အိန္ဒိယနိုင်ငံ၏ ထုတ်လုပ်မှု တန်ဖိုးမှာ ၁၂.၉ ရာခိုင်နှုန်းရှိနိုင်ပြီး အမေရိကန်၏ ထုတ်လုပ်မှု ပမာဏမှာ ၁၁.၃ ရာခိုင်နှုန်းသာ ရှိမည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာ၏ နောက်ဆုံးတွင် ဖော်ပြထားသည်မှာ ကမ္ဘာ့စီးပွားရေးမြင်ကွင်းမှာ စီးပွားရေးလုပ်ငန်းများ၏ လုပ်ဆောင်ချက်ကိုသာ ဦးတည်သည့် ဖွံ့ဖြိုးနည်းနာ (Macroeconomic developments) ကြောင့် နှစ်ပေါင်း ၃၀ ကျော်ကာလအတွင်း အားအနည်းဆုံးဖြစ်ကြောင်း ဆိုထားသည်။ ထို့အပြင် ကမ္ဘာ့စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှု၏ ၇၅ ရာခိုင်နှုန်းမှာ နိုင်ငံပေါင်း ၂၀ အတွင်းသာ ရှိနေသည် ဟု ခန့်မှန်းထားသည်။ ပို၍ အရေးကြီးသည့် အချက်က ကမ္ဘာ့စီးပွားရေးတိုးတက်မှု၏ ထက်ဝက်ခန့်ပမာဏမှာ ထိပ်သီးလေးနိုင်ငံအတွင်းဖြစ်ပြီး ၄င်းတို့အထဲမှ နှစ်နိုင်ငံမှာ BRICS အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် တရုတ်နှင့် အိန္ဒိယနိုင်ငံတို့ဖြစ်သည်။

တနည်းအားဖြင့် G7 အဖွဲ့ဝင်နိုင်ငံများမှာ ကမ္ဘာ့စီးပွားရေးပမာဏ၏ ပိုမိုနည်းပါးသည့် ပမာဏကိုသာ ကိုယ်စားပြုသည်။ သို့ရာတွင် ဂျာမဏီ၊ ဂျပန် နှင့် ယူကေတို့မှာ စီးပွားရေးတိုးတက်ဖွံဖြိုးမှု ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေသည်ဟု အစီရင်ခံစာတွင် ပါရှိသည်။ စိတ်ဝင်စားစရာ ကောင်းသည့် အချက်မှာ လာမည့်နှစ်များအတွင်း BRICS အဖွဲ့ဝင်နိုင်ငံများ စီးပွားရေးတိုးတက်ဖွံ့ဖြိုးအောင် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်သွားမည် ဆိုသည့် အချက်သည်ပင်လျှင် အရေးကြီးသည့် တိုးတက်ဖွံ့ဖြိုးမှုတစ်ခု ဖြစ်လာပေလိမ့်မည်။

Joshua Ramos ၏ BRICS Nations Expected to Outpace G7 Countries in Economic Growth, Reaching Nearly 35% in Five Years ကို ကျော်ဇံ ဘာသာပြန်ဆိုသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ