Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Bosch 24 and Runaways ရုပ်ရှင်မင်းသမီး အန်နီဝါချိန်းဂ် အသက် ၄၅ နှစ်တွင် ကွယ်လွန်

ABN – သူရမောင်

Bosch, Timelessနှင့် 24ရုပ်ရှင်များတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသမီး အန်နီဝါချိန်းဂ် အသက် ၄၅ နှစ်တွင် ကွယ်လွန်သွားခဲ့ကြောင်း Fox News Digitalမှ ဖော်ပြခဲ့သည်။

ဝါချိန်းဂ်၏ ကိုယ်စားလှယ်က မင်းသမီးမှာ ၂၀၂၀ ခုနှစ်က ကင်ဆာရောဂါဝေဒနာကို ခံစားနေခဲ့ရသူဖြစ်ပြီး ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၉ ရက် တနင်္ဂနွေနေ့က ကွယ်လွန်သွားကြောင်း ပြောသည်။ သူ့မ၏ ခင်ပွန်းသည် စတက်ဖန်ဖူးလ်ကလည်း ဇနီးသည်အား အမှတ်တရအဖြစ် စာရေးသားထုတ်ပြန်ခဲ့သည်။

“ဒီနေ့တော့ ဒီမိသားစုတစ်ခုလုံရဲ့ နှလုံးသားထဲမှာ ဧရာမဂူပေါက်ကြီးတစ်ပေါက်လို ကွက်လပ်ကြီးတစ်ခုတော့ ဖြစ်သွားပါပြီ၊ ဒါပေမဲ့ အဲကွက်လပ်ကြီးကိုဖြည့်ဖို့တော့ ကိရိယာတန်ဆာပလာတွေ ပေးသွားခဲ့ပါသေးတယ်၊ သူမက ဘဝတစ်ခဏအတွင်းမှာပဲ အံ့ဩစရာတွေနဲ့ ပြည့်နှက်နေခဲ့တာပါ၊ ကဖို့အတွက်ဆိုလို သီချင်းလည်း မလိုပါဘူး၊ ဘာမဆို ကိုကဦးအောင်လုပ်ရမယ်ဆိုတာကိုလည်း ကျွန်တော်တို့ကို သင်ပေးခဲ့ပါတယ်၊ သွားရှာလိုက်ပါ၊ နေရာတိုင်းမှာ ရှိပါတယ်၊ ပြီးတော့ လုပ်သင့်တာကိုပဲ လုပ်ပါ ဆိုတာ သူ့စကားတွေပေါ့” ဟုဖူးလ်က ရေးသားခဲ့သည်။

“သူမ တစ်ဘဝလုံးနဲ့ ရင်းပြီးချစ်ခဲ့ရတဲ့ သားလေးတွေကို ကျွန်တော့်အနေနှင့် ဆက်လက်ပြုစုပျိုးထောင်ဖို့ သူမ စိတ်ချလက်ချအပ်ခဲ့ပြီး အဝေးကို ထွက်သွားခဲ့ပါပြီ၊ နှုတ်ဆက်တယ်လို့တောင် ပြောသွားခဲ့သေးတယ်၊ အခုတော့ ကျွန်တော်တို့ မကြားနိုင် မမြင်နိုင်တဲ့ လောကကြီးထဲကို ထွက်သွားပါပြီ၊ ဘိုင်းချစ်ကလေးတို့ရယ်၊ ဒီမိသားစုလေးကို အရမ်းချစ်တာပဲ ဆိုတဲ့ သူမရဲ့ စကားလေးတွေက ကျွန်တော်ရင်ထဲမှာ ထပ်တလဲလဲ မြည်ဟီးနေခဲ့ပါပြီ” ဟု ထပ်မံရေးသားခဲ့သည်။

ဝါချိန်းဂ်မှာ Runaways မာဗယ်ရုပ်ရှင်သရုပ်ဆောင် စူပါဟီးရိုး ကာရိုလိန်း၏ မိခင်အဖြစ် သရုပ်ဆောင်ခဲ့ဖူးသည့်အတွက်လည်း လူသိများသည်။

မကြာသေးမီကလည်း HBOက ရုပ်မြင်သံကြားတွင် ဖော်ပြပြသခဲ့သည့် “The Last of Us” ဗွီဒီယိုဂိမ်းတွင် အသံသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည့်အပြင် Star Trek season 2တွင်လည်း Borg ဘုရင်မအဖြစ် သရုပ်ဆောင်ခဲ့သည်။

“လူတိုင်း သူ့ကို ချစ်ပါတယ်၊ လူတိုင်းပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ ဘယ်လောက်ပဲသူ့ကိုချစ်ပလေ့စေ သူ့သားလေးတွေကိုတော့ သူပိုချစ်တာပေါ့၊ အဲကလေးလေးတွေကို သူ့အစား ကျွန်တော်တို့ ဂရုစိုက်ပေးကြရအောင်” ဟု A GoFundMe အင်တာနက်ဝက်ဘ်ဆိုဒ်က သူမမိသားစုအပေါ် ပရိတ်သတ်များအနေဖြင့် ကြင်နာမှုများပေးကမ်းကြရန် ရေးသားဖော်ပြခဲ့သည်။

Bosch 24 and Runaways ရုပ်ရှင်မင်းသမီး အန်နီဝါချိန်းဂ် အသက် ၄၅ နှစ်တွင် ကွယ်လွန်

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ