Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
BIRPARJOY ( ဘိုင်ပါဂျွိုင်း) အမည်ရ မုန်တိုင်း ၁ လုံး အိန္ဒိယ-ပါကစ္စတန်နယ်စပ်သို့ ဝင်ရောက်မည်

BIRPARJOY ( ဘိုင်ပါဂျွိုင်း) အမည်ရ မုန်တိုင်း ၁ လုံး အိန္ဒိယ-ပါကစ္စတန်နယ်စပ်သို့ ဝင်ရောက်မည်

ABN-ကိုဟိန်းထွန်း

ဇွန် ၁၃ ရက်

အာရေဗျပင်လယ်မှာ ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း BIPARJOY သည် အားအလွန့်အလွန်ကောင်းသော မုန်တိုင်းအဆင့်ကိုရောက်ရှိသွားပြီး ယနေ့တွင် အန္ဒိယ-ပါကစ္စတန်နယ်စပ်အနီးမှ ကုန်းတွင်းသို့ တစ်နာရီလျှင် ၈၅ မိုင်ဖြင့်ဝင်ရောက်နိုင်ကြောင်း မိုးဇလမှထုတ်ပြန်ထားသည်။

အဆိုပါ INVEST-92 Aသည် ဇွန်လ ၆ ရက်နေ့က လေဖိအားနည်းရပ်ဝန်းအဆင့်ကိုရောက်ရှိသွားခဲ့ပြီး ဇွန်လ ၁၀ ရက်နေမှာ CAT-3အဆင့်ရောက်ရှိသွားကြောင်း အိန္ဒိယမိုးဇလမှထုတ်ပြန်ခဲ့ကာ ယနေ့ နံနက် ၆ နာရီခွဲတိုင်းတာချက်အရ Very Severe Cyclonic Storm အားအလွန့်အလွန်ကောင်းသည့် မုန်းတိုင်းကြီးဖြစ်လာကြောင်းအတည်ပြုရေးသားထုတ်ပြန်ထားသည်ကိုတွေ့ရသည်။

နောက် ၄၈ နာရီအတွင်းမုန်တိုင်းပြင်းအားအတွင်းစက်ဝန်းအရွယ်အစား အချင်းမိုင် ၂၅၀ ရှိပြီး တစ်နာရီလျှင် ၈၅ မိုင်ဖြင့်ဝင်ရောက်ဖြတ်ကျော်သွားမည်ဖြစ်သည်။

လက်ရှိတွင် တောင်တရုတ်ပင်လယ် နှင့်အခြားပင်လယ်များတွင်လည်း လေဖိအားနည်းရပ်ဝန်းများဖြစ်ပေါ်လျက်ရှိကြောင်းသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ