သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
BGB နှင့် APBN ရှိနေသော်လည်း အကြမ်းဖက်လက်နက်ကိုင်များ ဘာကြောင့် လှုပ်ရှားနေရသလဲဟု ဒေသခံများ အစိုးရကို မေးခွန်းထုတ်

AB News -ဇန်နဝါရီ ၁၃၊ ၂၀၂၆

ရက္ခိုင် – ဘင်္ဂလားဒေ့ရှ် နယ်စပ် တိုက်ပွဲများအတွင်း ကျောင်းသူ ၁ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ တက္ကနပ်ဖ်မြို့နယ်၊ ဝါခတ်ချောင်း Waikong ဒေသခံများက အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များ၏ လုပ်ဆောင်ချက်အပေါ် ပြင်းပြင်းထန်ထန် မေးခွန်းထုတ်ကာ ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက AA နှင့် အ​ကြမ်းဖက် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ARA, ARSA, နှင့် RIM တို့အကြား ကျီးကျွန်းအနီး နယ်စပ်မျဉ်းတစ်လျှောက် တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားခဲ့သည်။

အပြန်အလှန် ပစ်ခတ်မှုအတွင်း ဒဏ်ရာရရှိခဲ့သူမှာ ကော့စ်ဘဇားခရိုင်၊ ဟွိုက်ကယန် ရပ်ကွက်အမှတ် (၃) တွင် နေထိုင်သော ဂျာစင် အူဒင်၏ သမီး အပ်နာ အက်တာ (Apna Akter) ဖြစ်ပြီး ဟွိုက်ကယန်ဒေသရှိ ဟာဂျီ မိုဟာမက် ဟိုစိန် အစိုးရ မူလတန်းကျောင်းက တတိယတန်း ကျောင်းသူ ဖြစ်ကြောင်း သိရသည်။

ယင်းနေ့ ဇန်နဝါရီ ၁၂ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ဝါခတ်ချောင်းစျေး၌ စုဝေးခဲ့ကြသည့် ဒေသခံများက အောက်ပါအချက်များကို အဓိကထား မေးခွန်းထုတ်ခဲ့ကြသည်ကို တွေ့ရသည်။

နယ်စပ်တစ်လျှောက်တွင် ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGB များ အခိုင်အမာ ရှိနေပါလျက်နှင့် အ​ကြမ်းဖက် လက်နက်ကိုင်များ မည်သို့လွတ်လပ်စွာ လှုပ်ရှားနေပြီး တိုက်ပွဲများ ဖြစ်ပွားနေရသနည်း။

ဒုက္ခသည်စခန်းများတွင် အထူးရဲတပ်ဖွဲ့ APBN က လုံခြုံရေးယူထားသော်လည်း လက်နက်ကိုင်ဆောင်ထားသည့် မူဆလင်များ စခန်းပြင်ပသို့ ထွက်ခွာကာ နယ်စပ်တွင် တိုက်ပွဲဖော်ဆောင်နေခြင်းကို အဘယ်ကြောင့် မတားဆီးနိုင်သနည်း ဟု ဆိုသည်။

ထို့အ​ပြင် ဆန္ဒပြသူများသည် နယ်စပ်ဒေသလုံခြုံရေးအတွက် အစိုးရထံ အောက်ပါအချက် ၄ ချက်ကို တောင်းဆိုခဲ့ကြသည်။

၁။ နယ်စပ်တစ်လျှောက် တိုက်ပွဲများ ချက်ချင်းရပ်တန့်စေရေးနှင့် လုံခြုံရေးတိုးမြှင့်ပေးရန်။

၂။ နယ်စပ်အနီး တည်ရှိနေသော မူဆလင်လက်နက်ကိုင် စခန်းများကို အမြန်ဆုံး ရုပ်သိမ်းဖယ်ရှားပေးရန်။

၃။ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် အရပ်သားများ အသက်အန္တရာယ် ကင်းရှင်းရေး အာမခံချက်ပေးရန်။

၄။ ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ထိရောက်သော ဆေးကုသမှုပေးရန်နှင့် လိုအပ်ပါက နိုင်ငံခြားသို့ စေလွှတ်ကုသပေးရန် တို့ဖြစ်သည်။

ဆန္ဒပြပွဲတွင် ပါဝင်သူတစ်ဦးက “ကျ​နော်တို့ နိုင်ငံပိုင်နက်ထဲမှာ လုံခြုံရေးတပ်ဖွဲ့တွေ ရှိနေပေမဲ့ ဘာလို့ လက်နက်ကိုင်တွေက စိတ်ကြိုက်လှုပ်ရှားနေတာလဲ။ အပြစ်မဲ့တဲ့ ကလေးတွေ သွေးမြေကျနေရပြီ။ အစိုးရအနေနဲ့ ဒါကို ထိထိရောက်ရောက် ဖြေရှင်းပေးဖို့ လိုအပ်နေပြီ” ဟု ဆိုသည်။

ယခုဖြစ်စဉ်ကြောင့် နယ်စပ်ဒေသခံများ အကြား စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။

ABNews #Teknaf #BorderConflict #Waikong #BangladeshBorder #BGB #APBN #SecurityFailure #ARSA #ARA #RIM #JusticeForChildVictim

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ