Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
Ballon d`Or ရွှေဘောလုံးဆုကို မက်ဆီ ၈ ကြိမ်မြောက်ဆွတ်ခူး

ABN-နွယ်စိုး

အောက်တိုဘာ ၃၁ ရက်

အောက်တိုဘာလ ၃၀ ရက်နေ့က ပြင်သစ်နိုင်ငံမှာ ကျင်းပသော ဘောလုံးမဂ္ဂဇင်းက ချီးမြှင့်ပေးပွဲ၌ တစ်နှစ်တာ အကောင်းဆုံးဘောလုံးသမား Ballon d`Or ရွှေဘောလုံးဆုကို အာဂျင်တီးနားနှင့် အင်တာမိုင်ယာမီအသင်းတိုက်စစ်မှူး မက်ဆီက ဆွတ်ခူးသွားခဲ့ကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။

မက်ဆီအနေဖြင့် အဆိုပါ ဆုပေးပွဲမှာ ရရှိသော ဆုနှင့်ပါဆိုလျှင် Ballon d`Orရွှေဘောလုံးရရှိခြင်းမှာ ၈ ကြိမ်ရှိပြီဖြစ်သည်။

ယင်းအပြင် နော်ဝေးနှင့် မန်စီးတီး တိုက်စစ်မှူး ဟာလန်းက အကောင်းဆုံးတိုက်စစ်မှူးဆု (Gerd Muller) ရရှိခဲ့ပြီး အကောင်းဆုံးလူငယ်ကစားသမားဆု (Kopa Trophy) ကို ရီးရဲမက်ဒရစ် အသင်းမှ အင်္ဂလန်ကစားသမား ဘယ်လင်ဟမ်က ရရှိသွားပါသည်။

အမျိုးသမီးအကောင်းဆုံး ဘောလုံးသမားဆု Ballon d`Or ရွှေဘောလုံးဆုကို စပိန်အသင်းနှင့်အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်စွဲခဲ့သော ဘာစီလိုနာကစားသမား Aitana Bonmati က ရရှိသွားပါသည်။

၄င်းအပြင် ရီးရဲမက်ဒရစ်ကစားသမား ဗင်နီစီယပ်စ် ဂျူနီယာက Socrates Award ဆု၊ အက်စတွန်ဗီလာဂိုးသမား အာဂျင်တီးနားလက်ရွေးစင် မာတီနက်ဇ်က အကောင်းဆုံးဂိုးသမားဆု ရရှိခဲ့ပြီး အကောင်းဆုံးအမျိုးသား ကလပ်အသင်းဆုကို မန်ချက်စတာစီးတီးအသင်းနှင့် အကောင်းဆုံးအမျိုးသမီး ကလပ်အသင်းဆုကို ဘာစီလိုနာအသင်းတို့က ဆွတ်ခူးရရှိသွားပါသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ