Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ARSA နှင့် RSO တို့ကြားတိုက်ပွဲကြောင့် ဒုက္ခသည်စခန်းမှ ကလေးငယ်များအပါအဝင် ၁၀ ဦးသေဆုံးခဲ့ရပြီး လူနေအိမ် ၅၀၀ ခန့် မီးလောင်သွားကြောင်း သိရ

ABN -ရှိုင်းမိုး

ယမန်နေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာချိန်ခန့်က ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ ARSAနဲ့ RSO တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကလေးငယ်များအပါအဝင် လူ ၁၀ ဦး သေဆုံးခဲ့ပြီး ဒုက္ခသည်များနေအိမ် ၅၀၀ ခန့်မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ယမန်နေ့က ဖြစ်ပွားခဲ့သောတိုက်ပွဲကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင်ရှိသည့် တောင်ပြိုလက်ယာ ဒုက္ခသည်စခန်းတွင် လူပေါင်း ၅၀၀၀ နီးပါးခန့်ခိုလှုံလျက်ရှိနေသည့် စခန်းမီးရှို့ခံလိုက်ရသဖြင့် ဒုက္ခသည်စခန်းမှ နေအိမ် ၅၀၀ ခန့်မီးထဲပါသွားပြီး၊ သက်ကြီးပိုင်းများနှင့် ကလေးငယ်များအပါဝင် လူ ၁၀ ဦးသေဆုံးကြောင်းသိရသည်။

“ တိုက်ပွဲက မနက်ပိုင်းမှာ ဖြစ်တာပါ၊ ဒါပေမယ့် ဒုက္ခသယ် စခန်းက ညနေပိုင်းမှ မီးရှို့ခံလိုက်ရတာပါ၊ စခန်းထဲက အိမ် ၅၀၀ လောက်မီးထဲပါသွားပါတယ်၊ လူ ၁၀ ယောက်လည်းသေသွားပါတယ်၊ သေသွားတဲ့ထဲမှာ ကလေးငယ်တွေပါသွားပါတယ်” ဟု သတင်းနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိတွင် ဒုက္ခသည်စခန်း မီးလောင်ပြာကျ သွားသဖြင့် ဒုက္ခသည်များမှာ ရခိုင်ဖက်ခြမ်းသို့ ကူးလာသည့် သူများရှိပြီး ဘင်္ဂလားဒေ့ရှ်ဖက်ခြမ်းသို့ ထွက်ပြေးသူများလည်း ရှိကြောင်း သိရသည်။

မီးလောင်သွားသည့် ဒုက္ခသည် စခန်းတွင် နေအိမ် ၂၀၀ ခန့်ကျန်ရှိနေခဲ့သော်လည်း ARSA နဲ့ RSO တို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ အစိုးရတပ်အပါဝင် အဖွဲ့အစည်းများက ဒုက္ခသည်များကို ထိုနေရာတွင် ဆက်လက် နေခွင့်မပြုတော့ကြောင့် BBC သတင်းဖော်ပြချက်အရ သိရသည်။

ဓာတ်ပုံ-BBC Burmese

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ