Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၂၀၂၄ ခုနှစ်တွင် နိုင်ငံ ၆ နိုင်ငံ ပါဝင်လာမည့် အဓိကချဲ့ထွင်မှုကို BRICS ကြေညာ

၂၀၂၄ ခုနှစ်တွင် နိုင်ငံ ၆ နိုင်ငံ ပါဝင်လာမည့် အဓိကချဲ့ထွင်မှုကို BRICS ကြေညာ

AB News-သြဂုတ် ၂၇ ရက်

ဤအဖွဲ့၏ချဲ့ထွင်နိုင်မှုသည် မည်မျှမြန်မြန်ဆန်ဆန်အရှိန်ဖြင့် မည်မျှလောက် အဖွဲ့ဝင်အရွယ်အစား ကြီးထွားလာမည့်အပေါ် ထင်မြင်ချက်ကွဲလွဲမှု ရှိနေသည်။

ဖိတ်ခေါ်ထားသည့် နိုင်ငံ ၆ နိုင်ငံ ပါဝင်လာပြီးနောက် နိုင်ငံ ၅ နိုင်ငံပါရှိသည့် BRICS က အဖွဲ့ဝင်များ တိုးချဲ့ဖွဲ့စည်းကြောင်း ကြာသပတေးနေ့တွင် ကြေညာခဲ့သည်။

အာဂျင်တီးနား၊ အီဂျစ်၊ အီရန်၊ အီသီယိုပီးယား၊ ဆော်ဒီအာရေးဗီးယားနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုတို့သည် ဇန်နဝါရီလတွင် အဖွဲ့ဝင်အဖြစ် စတင်မည်ဖြစ်ကြောင်း ဂျိုဟန်နက်စ်ဘတ် (Johannesburg) တွင် ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် တောင်အာဖရိက သမ္မတ Cryril Ramaphosa က ပြောကြားခဲ့သည်။

“ဒီအဖွဲ့ဝင် တိုးချဲ့မှုဟာ သမိုင်းဝင်တစ်ခုပါပဲ” ဟု တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင် (Xi Jinping) ကပြောကြားခဲ့သည်။ “ဒီဟာက BRICS နိုင်ငံတွေရဲ့ စည်းလုံးညီညတ်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် သန္နိဌာန်ချထားတာကို ပြသနေတာပါ”

ဤချဲ့ထွင်မှုသည် သုံးရက်ကြာ ထိပ်သီးဆွေးနွေးပွဲအတွင်း အဓိက ဆွေးနွေးမှုတစ်ခုဖြစ်ခဲ့သည်။

သို့သော်လည်း အဆိုပါစိတ်ကူးကို တစ်နှစ်ကျော်ကြာအောင် လုပ်ဆောင်ခဲ့ရသည်ဟု Ramaphosa ကပြောကြားခဲ့သည်။

သမိုင်းဝင်လှုပ်ရှားမှုတစ်ခုတွင် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် BRICS ၏ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံဖြစ်လာပြီး အီရန်နိုင်ငံခြားရေးမူဝါဒအတွက် မဟာဗျူဟာမြောက် အောင်ပွဲတစ်ခုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးရာ လက်ထောက်အရာရှိချုပ် မိုဟာမက် Jamshidi က လူမှုမီဒီယာတွင် မှတ်ချက် ပြုခဲ့သည်။

အာရပ်စော်ဘွားများပြည်ထောင်စုခေါင်းဆောင် Sheikh Mohammed bin Zayed Al Nahyan က ၎င်း၏နိုင်ငံအား ဤအရေးကြီးသောအဖွဲ့တွင် အဖွဲ့ဝင်အဖြစ်ထည့်သွင်းမည့် ကြေညာချက်ကို ကြိုဆိုခဲ့သည်။

“ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံအားလုံးနှင့် လူအားလုံး၏ သာယာဝပြောရေး၊ ဂုဏ်သိက္ခာနှင့် အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်ရန် ကျနော်တို့ မျှော်လင့်ပါတယ်” ဟု မိုဟာမက်က ပို့စ်တစ်ခုတွင် ပြောကြားခဲ့သည်။

ကျနော်တို့ ရင်ဆိုင်ကြုံတွေ့နေရသော ပြဿနာများ၊ ဖွံ့ဖြိုးတိုးတက်ရေး စိန်ခေါ်မှုများနှင့် ပတ်သက်၍ Global South ၏ အသံကိုမြှင့်တင်ရန်နှင့် ကျနော်တို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရေး ရည်မှန်းချက်များကို အောင်မြင်စေရန်အတွက် အဖွဲ့ဝင်နိုင်ငံများ၊ ဤအစုအဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားထားသော နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားဖို့ မျှော်လင့်နေပါတယ် လို့ အီဂျစ်သမ္မတ အယ်လ်စီစီ (EL-Sisi) က ပြောကြားခဲ့ကြောင်း Egypt Today သတင်းအရ သိရသည်။

အီသီယိုပီးယား ဝန်ကြီးချုပ် Abiy Ahmed က သူ့နိုင်ငံအတွက် ကြီးကျယ်သည့် အခါသမယဟု ပြောဆို ဂုဏ်ပြုလိုက်ပါသည်။

ညီအစ်ကိုရင်းပမာ တစ်စုတစ်လုံးတည်း ပေါင်းစည်းခြင်းဖြင့် ကျနော်တို့ အမြဲအိမ်မက်မက်ခဲ့သည့် ပွင့်လင်းမြင်သာမှု ကမ္ဘာတစ်ခုဆီသို့ ခြေလှမ်းသစ်တစ်ခုဟု အာဂျင်တီးနားသမ္မတ Alberto Fernndez က မှတ်ချက်ပြုခဲ့သည်။

ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်နှင့် တောင်အာဖိရိကနိုင်ငံတို့က ဤချဲ့ထွင်မှုကို ထောက်ခံကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုကြသော်လည်း နိုင်ငံပေါင်းမည်မျှ ပါဝင်လာနိုင်သည်နှင့် မည်မျှမြန်မြန်ဆန်ဆန် ဖြစ်လာနိုင်မည့်အပေါ် ခေါင်းဆောင်များအကြား ထင်မြင်ချက်ကွဲလွဲမှုများ ရှိနေသည်။

BRICS ၏နောက်ဆုံးချဲ့ထွင်ခဲ့သည့် အချိန်မှာ ဤအဖွဲ့ကို ဖန်တီးပြီး တစ်နှစ်အကြား ၂၀၁၀ ခုနှစ်တွင် တောင်အာဖရိက ပါဝင်လာပြီး အဖွဲ့၏နာမည်တွင် အတိုကောက် S ကိုပေါင်းထည့်လိုက်သည့် အချိန်ဖြစ်သည်။

ယခုအချိန်တွင် ဤအဖွဲ့သည် ကမ္ဘာ့လူဦးရေ၏ လေးဆယ် ရာခိုင်နှုန်းနှင့် ကမ္ဘာ့ GDP ၏ လေးပုံတစ်ပုံကျော်ကို ကိုယ်စားပြုနေသည်။

ဤချဲ့ထွင်မှုသည် နိုင်ငံတကာအစီအစဉ်၏ အလယ်ဗဟိုချက်တွင်ရှိသော Global South မှ အသံဖြင့် ဧကဝင်ရိုးကမ္ဘာ ကို ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) အဖြစ် ပြန်လည်ပုံဖော်ရန် ကြိုးပမ်းမှုတွင် အရေးပါသောလှုပ်ရှားမှုတစ်ရပ်ကို ဖော်ညွှန်းသည်။

Ref-ABC

ထင်မြင်ယူဆချက်‌‌ပေးရန်