သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
၁၁ ဦးမြောက် တပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး ခန့်အပ်ခံရ

AB News – မတ် ၃၀၊ ၂၀၂၆

မြန်မာနိုင်ငံ၏ ၁၁ ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး တာဝန်လွှဲပြောင်းခန့်အပ်လိုက်ကြောင်း သိရသည်။

ယခင်က ကာကွယ်ရေးဦးစီးချုပ်(ကြည်း) အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို ယနေ့နံနက်ပိုင်းအချိန်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး ရဲဝင်းဦးသည် ၂၀၂၅-၂၀၂၆ အထွေထွေရွေးကောက်ပွဲအပြီး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) အဖြစ် ၂၀၂၆ ခုနှစ်၊ မတ်လတွင် ခန့်အပ်ခံရပြီးနောက် မတ်လ ၃၀ ရက်၊ ယနေ့ နံနက်တွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်လက်ခန့်အပ်ခြင်းခံရသူဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တပ်မတော်မှ အာဏာသိမ်းပြီးနောက် စတင်ဖွဲ့စည်းခဲ့သည့် နိုင်ငံတော်စီမံခန့်ခွဲရေးကောင်စီတွင် တွဲဖက်အတွင်းရေးမှုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင်လည်း တွဲဖက်အမှုဆောင်အဖြစ် တာဝန် ပေးအပ်ခြင်းခံခဲ့ရသည်။

အလားတူ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစား အစားထိုးဖွဲ့စည်းလိုက်သည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်တွင်လည်း အတွင်းရေးမှုအဖြစ် တာဝန်ပေးအပ်ခြင်းခံထားရသူ ဖြစ်သည်။

ထို့ပြင် ဒုတပ်ချုပ်အဖြစ် ညှိနှိုင်းကွပ်ကဲရေးမှု (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်အပ်ခဲ့ကာ ဆက်လက်ပြီး တပ်မတော် ညှိနှိုင်းကွပ်ကဲရေးမှု (ကြည်း၊ ရေ၊ လေ) အဖြစ် ဒုဗိုလ်ချုပ်ကြီး ကိုကိုဦး ကို ခန့်အပ်လိုက်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ